Home အနုပညာ ခင်ပွန်းနဲ့အတူတူ ဖွင့်ပွဲတစ်ခုကိုတတ်ရောက်လာတဲ့ သင်ဇာနွယ်ဝင်း

ခင်ပွန်းနဲ့အတူတူ ဖွင့်ပွဲတစ်ခုကိုတတ်ရောက်လာတဲ့ သင်ဇာနွယ်ဝင်း

655
0

ချစ်ပရိတ်သတ်ကြီးရေ… တချိန်ကအနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တွေကိုပိုင်ပိုင်နိုင်နိုင်စိုက်ထူထားနိုင်ခဲ့ပြီးပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့တဲ့မင်းသမီးလေး သင်ဇာနွယ်ဝင်းကိုပရိတ်သတ်ကြီးသိမှာပါနော်။ သူမဟာ စကားပြောရင် အသံဝဲဝဲလေးနဲ့ မပီတပီပြောတတ်တာကြောင့် ပရိတ်သတ်တွေအသည်းယားပြီးအချစ်ပိုနေခဲ့ရပါတယ်နော်။

သူမဟာအိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်းမှာတောင် ပရိတ်သတ်တွေရဲ့အားပေး ချစ်ခင်မှုလုံးဝလျော့မသွားခဲ့တဲ့ မင်းသမီးတွေထဲက တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ လက်ရှိမှာတော့ သူမဟာ သူမကိုအရမ်းချစ်ပြီးဂရုစိုက်တတ်တဲ့ ချစ်ခင်ပွန်းနဲ့ သူမအရမ်းချစ်ရတဲ့ သားသားလေးကို ပိုင်ဆိုင်ထားရတာကြောင့် ပရိတ်သတ်တွေအရမ်းကိုအားကျနေကြရပါတယ်နော်။

အခုလည်း နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်သလိုမျိုးပဲ နတ်ဖက်တဲ့စုံတွဲအလား အရမ်းကိုရှေ့သွားနောက်လိုက်ညီစွာနဲ့ ဇနီးမောင်နှံနှစ်ယောက်သား စိန်ရွှေရတနာဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ ပွဲကိုတက်ရောက်လာတဲ့သူတွေကလည်း အရမ်ကိုလိုက်ဖက်ညီတဲ့ ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီး အရမ်းတွေ အားကျ ကြည်နူးခဲ့ရပါတယ်နော်။ကဲ… ပရိတ်သတ်ကြီးလည်းကြည်နူးပီတိဖြစ်ရအောင်လို့ ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Thinzar Nwewin