Home အနုပညာ မကြာခင် မင်္ဂလာဆောင်တော့မဲ့ အဆိုတော်ဝန တို့ချစ်သူနှစ်ဦးရဲ့ Pre Wedding ပုံရိပ်များ

မကြာခင် မင်္ဂလာဆောင်တော့မဲ့ အဆိုတော်ဝန တို့ချစ်သူနှစ်ဦးရဲ့ Pre Wedding ပုံရိပ်များ

684
0

ပရိသတ်တွေရဲ့ရင်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းကနေ အခုအချိန်အထိ နေရာယူထားဆဲဖြစ်တဲ့ ဝနဟာ မကြာခင်မှာမင်္ဂလာဆောင်တော့မှာဖြစ်ပါတယ်။ ဝနတို့ ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း ကိုးနှစ်အကျော်မှာ လက်ထပ်ဖို့စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဝနက သူ့ရဲ့တစ်ကိုယ်တော်အခွေကိုလည်း မင်္ဂလာဆောင်ပြီးရင်ထုတ်ဖို့ရှိကြောင်းသိရပါတယ်။

ဒီနေ့မှာတော့ ဝနတို့ ချစ်သူနှစ်သူနှစ်ဦးက Pre wedding ပုံလေးတွေတင်လာခဲ့ပါတယ်။ မိန်းမရဲ့ ဆန္ဒအရရော ကျွန်တော်ကိုတိုင်ကရောမြစ်ကြီးနားဇာတိဖြစ်လို့ pre wedding ကို မြစ်ကြီးနားမှာပဲရိုက်မယ်လို့ အဆိုတော် ဝနကပြောခဲ့ဖူးပါတယ်။ပရိသတ်ကြီးအတွက် အဆိုတော်ဝနတို့ချစ်သူနှစ်ဦးရဲ့ pre wedding ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

မင်္ဂလာပွဲကို မြစ်ကြီးနားမှာကျင်းပမှာဖြစ်ကြောင်းကိုလည်း “မြစ်ကြီးနားမှာပဲ လုပ်ဖို့စီစဉ်ထားတယ်ဗျ။ ရန်ကုန်မှာတော့ ကျွန်တော်တို့ Dinner လေးလုပ်မယ်ပေါ့။ ဖေဖော်ဝါရီလောက်လုပ်မယ်ဗျ။အဲဒီထက်တော့နောက်ကျလို့မရတော့ဘူး”လို့ ဖြေကြားထားပြီး အခွေကို မင်္ဂလာပွဲပြီးမှထွက်မယ့်အကြောင်း “အခွေကတော့ ကျွန်တော်တို့မင်္ဂလာဆောင်ပြီးမှ အခွေထွက်တော့မယ်ဗျ”လို့ ပြောပြထားပါသေးတယ်။ ပရိသတ်ကြီးကလဲ ဝနတို့ ချစ်သူနှစ်ဦးရဲ့ Pre wedding ပုံလေးတွေကိုသဘောကျရင် Share ပေးသွားကြဦးနော်။

Photo Source : O န