Home အနုပညာ သီချင်းအခေါက်ရေ ၆၀၀၀ ကျော်ခိုးရောင်းခံထားရတယ်ဆိုတဲ့ ဂျက်မြသောင်း

သီချင်းအခေါက်ရေ ၆၀၀၀ ကျော်ခိုးရောင်းခံထားရတယ်ဆိုတဲ့ ဂျက်မြသောင်း

293
0

သီချင်းအပုဒ်ရေပေါင်းများစွာကို သီဆိုရေးသားခဲ့ပြီး ခေတ်ရေစီးကြောင်းမှာ ရှင်သန်နေဆဲသီချင်းတွေရဲ့ပိုင်ရှင် ဂျက်မြသောင်း ဂီတအစည်းအရုံးအပါအဝင် အဖွဲ့အစည်း(၁၇)ခုကိုတရားစွဲထားတယ်ဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီး ကြားတွြေ့ပီးဖြစ်မှာပါ။ သူရဲ့တရားစွဲရတဲ့အပေါ်ခံစားချက်တွေနဲ့သူသီချင်းတွေကိုဘယ်လိုယူသုံးထားလို့ဒီကိစ္စဖြစ်ပေါ်လာရတဲ့ဆိုတဲ့အကြောင်းကို ဂီတအစည်းအရုံးစည်းဝေးပွဲမှာပြောပြခဲ့ပါတယ်။ အဲ့ဒီအကြောင်းအရာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောပြလိုက်ပါတယ်နော်။


ကျနော်တို့အဆိုတော်တွေ၊တေးရေးဆရာတွေဟာ ဂီတအစည်းရုံးကနေမွေးဖွားမြေတောင်မြှောက်ပေးထားတဲ့ အနုပညာသမားတွေမဟုတ်ပါဘူး ။တကယ်ဆိုရင်ကျနော်တို့သီချင်းတွေကို ဂီတအစည်းရုံးကကာကွယ်ပေးရမှာလေ အခုကျကာကွယ်မပေးတဲ့အပြင် ကျနော်သီချင်းတွေအခေါက်ရေပေါင်း ၆,၀၀၀ကျော်ကို ၆၇ကျပ်၅ပြားတို့၇၅ကျပ်တို့နဲ့ ကျနော့်ခွင့်ပြုချက်မပါဘဲရောင်းစားထားလိုက်သေးတယ်။ သုံးတဲ့လူကလည်း သုံးတယ်။ကျနော့်ခွင့်ပြုချက်မပါဘဲနဲ့ရောင်းစားပိုင်ခွင့်လည်းမရှိဘူး။ ကျနော်ကသူတို့မွေးထားတဲ့အဆိုတော်မဟုတ်ပါဘူး ။ဒီကိစ္စကို အဆိုတော်တွေအားလုံးကလည်း လက်ခံလားဆိုတာသိချင်တယ်။


သူတို့ရောင်းချင်တယ်ဆိုရင် ပိုင်ရှင်ကိုအကြောင်းကြားရမယ်လေ။ အကြောင်းမကြားဘဲ ရောင်းတာက အရပ်စကားနဲ့ဆို အရမ်းလူပါးဝတယ်လို့ပြောရမယ်။ အစက ပြေပြေလည်လည်ပြောကြည့်တယ်။ စာနဲ့လည်းရေးတယ် လူကိုယ်တိုင်လည်းပြောတယ် အဆင်မပြေဘူး ။ အဲ့တာကြောင့်တရားစွဲတယ်။ဆိုပြီးပြောပြခဲ့ပါတယ်။