Home အနုပညာ အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းလေးမှာ ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီ

အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းလေးမှာ ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီ

760
0

လူငယ်ပရိသတ်တွေကြားရေပန်းစားနာမည်ကြီးလာတဲ့ အဆိုတော် ရွှေထူးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအားပေးမှုတွေအပြင် လူငယ်အမျိုးသားတွေရဲ့အားပေးမှုတွေကိုပါ လက်ခံရရှိလားတာဖြစ်ပါတယ်။ အဆိုပိုင်းမှာတင်အောင်မြင်နေတဲ့အဆိုရှင်တစ်ဦးဖြစ်ရုံမက သရုပ်ဆောင်ပိုင်းကိုပါ ရောက်ရှိလာပြီး ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာခဲ့တဲ့ရွှေထူးဟာ နာမည်ကြီးမင်းသမီး ရွှေမှုံရတီနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။

ရွှေထူးရဲ့ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားဟာ ရွှေမှုံရတီနဲ့စတင်တွေ့ရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိပ်မကြာခင်မှာ ချစ်သူတွေဖြစ်ကြောင်း ဖွင့်ချခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ရွှေထူးတို့ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူဘဝမှာလည်း တစ်ဦးနဲ့တစ်ဦးအမြဲလိုလို Surprise တွေလုပ်တတ်တဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်တွေကိုလည်း ရင်ခုန်မှုတွေပေးစွမ်းနိုင်ခဲ့ပါသေးတယ်။

ဇနီးသည်ကို အမြဲလိုလို ပျော်ရွှင်အောင်ထားတတ်တဲ့ရွှေထူးကတော့ ဇနီးဖြစ်သူနဲ့ ဘာလီကျွန်းလေးကိုအလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ အလုပ်တွေကြားထဲကနေပြီးတော့ အပန်းဖြေနေတဲ့အချိန်လေးတစ်ခုကို အင်ဒိုနီးရှားနိုင်ငံက ကျွန်းလေးတစ်ခုမှာ နှစ်ယောက်သား ဖန်တီးထားနိုင်ခဲ့ကြတာပါ။ ရွှေမှုန်ရတီကတော့ “Indonesia ပိုလာဘာလီကျွန်းလေးဝယ် … သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် ❤️” လို့ ရိုဆန်ဆန်ရေးသားဖော်ပြထားခဲ့တာပါ။

သူတို့နှစ်ဦးရဲ့ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Credit – We Love Cele