Home အနုပညာ နေမကောင်းလို့ မလန်းပေမယ့်လည်း အနုပညာအလုပ်တွေအတွက် ခရီးဆက်နေခဲ့ရတယ်လို့ဆိုလာတဲ့ ချစ်သုဝေ

နေမကောင်းလို့ မလန်းပေမယ့်လည်း အနုပညာအလုပ်တွေအတွက် ခရီးဆက်နေခဲ့ရတယ်လို့ဆိုလာတဲ့ ချစ်သုဝေ

411
0

ချစ်စရာကောင်းပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ချပြပေးနေခဲ့တဲ့ သရုပ်ဆောင် အဆိုတော် မင်းသမီးချောလေး ချစ်သုဝေ ဟာဆိုရင် အဘက်ဘက်ကနေ တော်လွန်း ထက်မြက်လွန်းတဲ့ သူလေးတစ်ယောက်ပါ။ အရာရာမှာ ထက်ထက်မြက်မြက်ရှိလွန်းလှတဲ့ သူမကတော့ ယခုဆိုရင် ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ “ကတိ” တေးစီရီး Promis Audio Album စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက် နေ့ခင်း ၂နာရီ က ရန်ကုန်မြို့ Myanmar Plaza ရှိ Hard Rock Cafe မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

“ကတိ” တေးစီးရီးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးချိန်လေးမှာ ချစ်သုဝေကတော့ အရမ်းကို နေမကောင်းဖြစ်နေခဲ့တာဖြစ်ပြီး ထိုသို့ နေမကောင်း ဖြစ်နေကြောင်းကို ယနေ့ ဖျော်ဖြေရေးခရီး သွားရမယ့်အချိန်မှာ ” နေမကောင်းဘူး တစ်ပတ်ကျော်ပေါ့ “ကတိ” album မိတ်ဆက်ပွဲလေးက ကိုယ့်အတွက် အားဆေးလေး သွင်းပေးလိုက်သလိုပါပဲ.. ခု လွိုင်ကော်သွားပြီနော်.. ဒီည ဒီမောဆိုး မှာ သီချင်းတွေဆိုမယ်😍 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

လွိုင်ကော်ကို ဖျော်ဖြေရေးအတွက် ခရီးသွားနေရတဲ့ ချစ်သုဝေကတော့ လေယာဉ်နောက်ကျမယ်ဆိုလို့ ကိုယ်ခွေခေါက်နေနိုင်ဖို့ နေရာစောစောယူထားတယ်ဆိုပြီး ” ပါးစပ်ပျက်နေတော့ ကိုယ့်အကြိုက် မုန့်ဟင်းခါးလေးစားရင်းနဲ့ လေယာဉ်စောင့်ရင်း ပျော်ရွှင်နေပုံ😎😛 ” ဆိုတဲ့ စာသားလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

နေမကောင်းဖြစ်နေရတဲ့ ချစ်သုဝေ ဟာဆိုရင် ချစ်ရတဲ့ အချစ်တော် ပရိသတ်တွေကို “နေကောင်းလားအချစ်တို့ အနှစ်တို့ ကိုယ်ကတော့ ဆေးတွေ သောက်ရလွန်းလို့ ဂူဂါဖောအချစ်တော် အမ်း ဖြစ်နေတယ်😎” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ပုံရိပ်လေးတွေကို ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

နေမကောင်းဖြစ်ပြီး ဂူဂူဂါဂါဖြစ်နေခဲ့ပေမယ့် အချစ်တော်ပရိသတ်တွေကို ဖျော်ဖြေပေးရန်အတွက် လွိုင်ကော်ကို ခရီးဆက်နေခဲ့ရတဲ့ ချစ်သုဝေရဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေအပေါ် တန်ဖိုးထား ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်လေးကို လေးစားအားကျ သဘောကျနှစ်သက်မိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေအတွက် အကောင်းမွန်ဆုံးဖြစ်အောင် ချပြပေးနေဆဲဖြစ်တဲ့ ချစ်သုဝေကို ဆက်လက်ပြီး ချစ်ပေးအားပေးသွားကြပါဦးနော်။မိုမိုလေး