Home အနုပညာ အဖေဖြစ်သူကို လှမ်းချောင်းပြီး တီးတိုးပြောနေတဲ့ ခေတ်နဲ့သစ်ကို အမိအရဗီဒီယိုရိုက်ထားခဲ့တဲ့ လင်းလင်း

အဖေဖြစ်သူကို လှမ်းချောင်းပြီး တီးတိုးပြောနေတဲ့ ခေတ်နဲ့သစ်ကို အမိအရဗီဒီယိုရိုက်ထားခဲ့တဲ့ လင်းလင်း

5724
0

အသည်းတုန်လေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်လေးကတော့ တဖြေးဖြေးနဲ့ကြီးလာခဲ့တာ သိတတ်တဲ့အရွယ်တောင်ရောက်နေခဲ့ပါပြီနော်။ အနုပညာရှင် နှစ်ဦးရဲ့ ချစ်စရာ သမီးလေးတွေဖြစ်တဲ့အလျှောက် အမြွှာလေးတွေဖြစ်တာကြောင့်လည်း ပိုတိုးပြီး ချစ်မဝဖြစ်နေခဲ့တာပါ။ မေမေချစ်သုဝေကတော့ သမီးလေး (၂) ယောက်နဲ့အတူ သူမရဲ့ခွေအသစ် မိတ်ဆက်ပွဲကို ဒီရက်ပိုင်းတွေမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မေမေရဲ့ အခွေသစ်မိတ်ဆက်ပွဲမှာလည်း ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ပါဝင်ခဲ့တဲ့ ခေတ်နဲ့သစ်က ပရိသတ်တွေရဲ့ စိတ်ဝင်အစားခံရဆုံးတွေဖြစ်ခဲ့ကြတာပါ။ ယနေ့မှာလည်း မေမေ ချစ်သုဝေခရီးသွားနေတုန်း သမီးလေး (၂) ယောက်ကို ထိန်းကျောင်းဖို့အလှည့်ကျခဲ့တဲ့ ဖေဖေလင်းလင်းကတော့ သမီးလေး (၂) ယောက်ရဲ့တီးတိုးပြောနေပုံလေးတွေကို ချစ်စရာကောင်းလောက်အောင်ရိုက်ကူးထားတာပါ။

ဖေဖေလင်းလင်းကတော့ ” သူ့အဖေကို လှမ်းချောင်းလိုက် တီးတိုးပြောလိုက် နဲ့ ဒီနှစ်ယောက် ဘာတွေကြံနေကြလဲ မသိ,,;-))))ကိုယ်ထင်တာကတော့,,,,မယ်ခေတ် – သစ်ရေ,, မေမေဇာ ခရီးသွားတုန်း ဖေဖေလင်းကို ဘယ်လိုဒုက္ခပေးရင်ကောင်းမလဲဟေ့ / မယ်သစ် – ဟာာာ မလုပ်နဲ့,, ဖေဖေလင်းက မေမေဇာ ထပ်ပိုချောပေမယ့် မေမေဇာလောက် သဘောမကောင်းဘူးဟဲ့,, / မယ်ခေတ် – ဒါဆို ,, ဒို့တွေချော့ပေါင်းပြီး ရေခဲမုန့် တို့ မစ်ကီးမောက်စ်တို့ ဆိုတာ ဘယ်လိုဟာမျိုးတွေလဲ မေးကြည့်ရအောင်,, မေမေဇာ က ဆင်ဆာထိထားတဲ့ဟာတွေပေါ့ / မယ်သစ် – အင်း မဆိုးဘူး,, ဖေဖေလင်း ငါတို့အီအီးတွေဆေးပြီး ပြန်လာရင်ကြိုးစားကြည့်မယ်,, ဟော ရှူး,, တိုးတိုး ဖေဖေလာပြီ ရော့ အရုပ်တစ်ရုပ်ယူ ” လို့ ပုံဖော်ရေးသားထားတာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို ထိန်းမနိုင်လောက်အောင် ကြည့်ချင်နေကြပြီထင်တယ်နော်။

Video Source-Htwe Lynn  Ko

Credit – We Love Cele