Home အနုပညာ ဘေးနားမှာအမြဲရှိနေပေမဲ့ ဇနီးဖြစ်သူ ကို အကြည့်တွေလွှဲထားရတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း

ဘေးနားမှာအမြဲရှိနေပေမဲ့ ဇနီးဖြစ်သူ ကို အကြည့်တွေလွှဲထားရတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်း

1378
0

ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင် ထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသားချောပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ လေး က တော့ တကယ့်ကို ကြည်နူးအားကျစရာလေးပါပဲနော်..။ ချစ်ဇနီးချောလေးကို အမြဲအချစ်ပို အလိုလိုက်တတ်တဲ့ မင်းသားချောပိုင်ဇေရဲထွန်းကတော့ အရှေ့တောင်အာရှရဲ့အချစ်တတ်ဆုံးယောင်္ကျားတွေထဲ တစ်ဦးဆိုလည်း မှားမယ် မထင် ပါဘူး..။

ပရိသတ်တွေအမြဲအားကျကြည်နူးရတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံလေးကတော့ ပရိသတ် တွေ အားကျအောင် လုပ်ချလိုက်ပြန်ပါပြီနော် ။ “ဘေးနားမှာအမြဲရှိနေပေမဲ့ အကြည့်တွေလွှဲထားရတယ် အတူတူထိုင်နေဖြစ်ရင်လဲ မကြည့်မိအောင်နေနေပါတယ် ထမင်း လက်ဆုံစားရင်လဲ သူ့ကိုမကြည့်ဘဲ နေပါတယ် အဘယ့်ကြောင့်ဆိုသော် ကြည့်မိရင် ချစ် ချစ် မိသွားလို့ပါ ” ဆိုတဲ့စာသား နဲ့အတူ သူ့ရဲ့ ချစ်ဇနီးပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေရေးသား ခဲ့တာဖြစ်ပါတယ် ။ ကလေး သုံးယောက် မိခင်ဖြစ်တဲ့အပြင် သူ့ထက် အသက်၁၀နှစ် ငယ်တဲ့ချစ်ဇနီးလေးကို ခုချိန်ထိ ကလေးလေး လို ဂရုစိုက်ပြီး ချစ်နေတာကို မြင်ရတာ တကယ်ကို ကြည်နူးစရာ ကောင်းလွန်း ပါတယ်နော် ။

ပိုင်ဇေရဲထွန်းနဲ့ သူရဲ့ချစ်ရတဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ကတော့ လက်တလော ပရိသတ် တွေကြားမှာ အရမ်း ကိုရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ တစ်တွဲ အပါ အဝင်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေ (၃)ယောက်ရလာတဲ့အထိ ကြင်စဦးဇနီးမောင်နှံ လေးတွေလို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှု၊ကြင်နာမှု၊ မပြောင်းလဲတဲ့အချစ် တွေ နဲ့ ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ မြင်တဲ့သူတိုင်းအားမကျပဲ မနေနိုင်လောက် အောင်ပါပဲ ပရိသတ်ကြီး ရေ။

Source : Paing Zay Ye Tun