Home အနုပညာ အပြောအဆိုမတတ်တဲ့ ဏကြီးကြောင့် အကြီးအကျယ် စိတ်ကောက်နေတဲ့ ပိုင်ဖြိုးသု

အပြောအဆိုမတတ်တဲ့ ဏကြီးကြောင့် အကြီးအကျယ် စိတ်ကောက်နေတဲ့ ပိုင်ဖြိုးသု

1028
0

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁)ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကြင်စဦး ဇနီးမောင်နှံလေးဖြစ်တဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုက အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ခင်လို့ မဝသေးဘူးပဲဖြစ်ပါတယ်။ ကြင်စဦးဇနီးမောင်နှံဘဝမှာပဲ ပရိသတ်တွေရဲ့ အချစ်တော် သုသုလေးက သူမရဲ့ ခင်ပွန်းကို စိတ်ကောက်နေရပြန်ပါပြီ။

ဒါရိုက်တာ ဏကြီးရဲ့ စကားတစ်ခွန်းက သုသုအတွက် တော်တော်လေး စိတ်ကောက်ဖို့ အကြောင်းဖြစ်လာပါတယ်။

ပိုင်ဖြိုးသုက “မိမိမှာ နေမကောင်းပဲ’ပူတာအို’ကိုကားရိုက်သွားရမှာကို ကိုယ့်အတွက်ကိုယ်မပူပဲ ကိုယ်မရှိရင်သူအလုပ်ဇောတွေကပ်ပြီးအစားသေချာဂရုစိုက်မစားမှာကိုစိုးရိမ်လို့ အချိန်ရရင်ရသလောက် သူ့အတွက် အခြောက်အခြမ်းလေးတွေ ကြော်လှော်ချက်ပြုတ်ပေးနေချိန်… သူကတော့မိမိခရီးသွားရင် “ရွှေရည်စိမ်လွတ်လပ်ရေး” ရပြီဟုကြွေးကြော်နေသောအခါ….. 😡😡😡အရမ်းတွေစိတ်ကောက်နေပါဘီနော်!!!!” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ကိုဏကြီးတစ်ယောက် သုသုကို ချစ်ရဲ့သားနဲ့ စကားအပြောအဆိုမှ မတတ်တော့ စိတ်ကောက်ခံနေရပြီနော်

ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ကြင်စဦးဇနီးမောင်နှံရဲ့ အဖြစ်လေးကို ကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay