Home အနုပညာ အသက်ဝင်လာတဲ့ ဘာဘီရုပ်လေးအလား ထင်မှတ်ရတဲ့ မအေးသောင်းရဲ့ အမိုက်စားပုံရိပ်များ

အသက်ဝင်လာတဲ့ ဘာဘီရုပ်လေးအလား ထင်မှတ်ရတဲ့ မအေးသောင်းရဲ့ အမိုက်စားပုံရိပ်များ

296
0

မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်အတွင်းမှာမှ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက သူမရဲ့ စွဲဆောင်မှုတစ်ခုပါ။ အဲ့စွဲဆောင်မှုလေးတွေကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစားလှသူလေးတစ်ဦးပါ။

မအေးသောင်းက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ များစွာ ရရှိနေသူလေး တစ်ယောက်ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်ရင်း ဒီတစ်ခါမှာလဲ ကြော်ငြာရိုက်ကွင်းတစ်ခုကို ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ အေးဝတ်ရည်သောင်းက ဘာဘီရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းနေတာကို ပရိသတ်ကြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လှလွန်းတာထက် ပိုတဲ့စကားလုံးများရှိရင် ပြောချင်သေးတယ် မအေးသောင်းရယ်

အေးဝတ်ရည်သောင်းက မကြာသေးခင်ကပဲ ဟိန်းဝေယံနဲ့အတူတူ “ရင်ခွင်ရှင်းတမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မအေးသောင်းက အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာမို့ ပရိသတ်ကြီးကလဲ သူမရဲ့ အနုပညာခြေလှမ်းတွေကို ဆက်တိုက်တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

မအေးသောင်းက (၃၄) နှစ်ဆိုတဲ့ အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် သူမရဲ့ နုပျိုမှုတွေကတော့ အံ့သြမှင်သက်စရာပါပဲ။ ပရိသတ်ကြီးလဲ အေးဝတ်ရည်သောင်းရဲ့ လှပတဲ့ ပုံရိပ်တွေကို သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-momolay