Home အနုပညာ မိထွေးနဲ့ သမီးနဲ့မတည့်ဘူးဆိုတာမရှိသလို မြတ်ရတနာကျော်နဲ့ စင်ဒီ ကလည်း အခေါ်အပြောမပြတ်ဘူးလို့ ဆိုလာတဲ့ Ah boy

မိထွေးနဲ့ သမီးနဲ့မတည့်ဘူးဆိုတာမရှိသလို မြတ်ရတနာကျော်နဲ့ စင်ဒီ ကလည်း အခေါ်အပြောမပြတ်ဘူးလို့ ဆိုလာတဲ့ Ah boy

1510
0

အာဘွိုင်းကတော့ Hip Hop အဆိုတော်တစ်ဦးဖြစ်ပြီး တစ်ချိန်က အဆိုတော် စင်ဒီနဲ့ အိမ်ထောင်ကျခဲ့ပြီး သမီးလေး နှစ်ယောက်ရရှိခဲ့တာဖြစ်ပါတယ်။ သူရဲ့ လက်ရှိဇနီးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ တောင်ကြီးသူ အချောအလှလေးတစ်ယောက်ဖြစ်သလို “ချစ်လွန်းလို့ ” ဆိုတဲ့ သီချင်းထဲမှာသရုပ်ဆောင်ခဲ့သူလေးဖြစ်ပြီး လက်ရှိမှာတော့ အာဘွိုင်းရဲ့ တတိယမြောက် သမီးလေး စကားလက်ဖြိုးထွန်း ရဲ့ မေမေ ဖြစ်ပါတယ်။

စင်ဒီနဲ့ အာဘိွုင်း ကွာရှင်းခဲ့ပြီးပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် မုန်းတီးတာမရှိသလို သမီးနှစ်ယောက်နဲ့ မိထွေးဖြစ်လာတဲ့ မြတ်ရတနာကျော်နဲ့ လည်း အဆင်မပြေတာ မရှိဘူးလို့ တကယ့်ကို လေးစားအားကျဖို့ကောင်းတဲ့ မိသားစုဆက်ဆံရေးကို ပြောပြလာပါတယ်။ “မြတ်ရတနာကျော်က ကျွန်တော့သမီး အကြီးဆုံးလိုဖြစ်နေတယ်။ ကျွန်တော့သမီးအကြီးဆုံး နဲ့ သူနဲ့က (၁၀) နှစ်ဝန်းကျင်ပဲကွာတာဆိုတာ့ ညီအမတွေလိုဖြစ်နေတာပေါ့။ပြီးတော့ အေးဆေးပဲ သူတို့က အိမ်မှာ စင်ဒီနဲ့ လည်း အခေါ်အပြောရှိတယ်။ဘာမှမဖြစ်ဘူး။ လေူတွက နပန်းသတ်ပွဲကို ကြည့်ချင်တာ၊ ဒါမဲ့ ကျွန်တော်တို့ နပန်းမသတ်ဘူး၊ အမှန်က မြန်မာပြည်က လူတွေက စင်ဒရဲလားအကြောင်းကို စာမှာ အလွတ်ကျက်ခဲ့တာဆိုတော့ မိထွေးဆိုရင် သမီးနဲ့သတ်ရမယ် အဲ့လိုဖြစ်စေချင်တာ၊ ” လို့ သူတို့ မိသားစုကို ခုလိုထိခိုက်စေချင်သူလည်း အများအပြားရှိပါတယ်။

လက်ရှိမှာတော့ သမီးလေးနှစ်ယောက်လုံးနဲ့ လက်ရှိ ဇနီးဖြစ်သူ မြတ်ရတနာကျော် နဲ့လည်း မမမြတ် လို့ အခေါ်အဝေါ်လေးတွေနဲ့ညီအမတွေလို အဆင်ပြေနေသလို အာဘွိုင်းကတော့
” အရင်က ကျွန်တော်ကလေးမထိန်းဖူးဘူး။ ကျွန်တော် သမီးအကြီးစမွေးတော့ ကျွန်တော့အသက်(၂၁) နှစ်ပဲ ရှိသေးတယ်။ ကလေးက ကလေးပြန်မွေးသလို ဖြစ်နေတော့ ကလေးမထိန်းခဲ့ဖူးဘူး။ ခု အငယ်ဆုံးသမီးလေးကိုတော့ ကျွန်တော်ကိုယ်တိုင် အသေအချာ အတတ်နိုင်ဆုံး သေချာ ထိန်းဖြစ်တယ်။ အားတဲ့နေ့တွေဆို ကျွန်တော်ထိန်းပါတယ် ” လို့ ခု အငယ်ဆုံးသမီးလေးမွေးမှ ပထမဆုံး ကလေးထိန်းဖူးတာဖြစ်ကြောင်းလည်း ဆိုလာပါတယ်။ အနုပညာနဲ့ ပတ်သက်လို့ အာဘွိုင်းကော မြတ်ရတနာကျော်ပါ အနုပညာအလုပ် ဘာမှ ဆက်လုပ်ဖြစ်တော့မှာ မဟုတ်သလို မိသားစုကို သာ အချိန်ပေးကြတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးကို ခိုင်မြဲအောင် ဆုတောင်းပေးကြပါဦးနော်..။

source: MC Exclusive