Home အနုပညာ ထင်မှတ်မထားတဲ့ Surprise တစ်ခုကြောင့် ဝမ်းသာတာထက် စိတ်ဆိုးခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ သက်မွန်မြင့်

ထင်မှတ်မထားတဲ့ Surprise တစ်ခုကြောင့် ဝမ်းသာတာထက် စိတ်ဆိုးခဲ့ရတဲ့ အကြောင်း ပြောပြလာတဲ့ သက်မွန်မြင့်

2194
0

အေးချမ်းပြီး ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ သက်မွန်မြင့် ဟာဆိုရင် ပရိသတ်တွေက အားပေးချစ်ခင်နေခဲ့ကြရတဲ့ နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ မိသားစုရေး အိမ်ထောင်ရေးမှာလည်း အရမ်းကို ကံကောင်းလွန်းလှတဲ့ သူလေး တစ်ယောက်ပဲဖြစ်ပါတယ်။

သာယာမှုတွေနဲ့ ဘဝခရီးကို မိသားစုနဲ့ ရှေ့ဆက်နေခဲ့တဲ့ သက်မွန်ကတော့ သူမရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်ပေးဖြစ်တာလေးကိုပြောပြလာပါတယ်။ သက်မွန်က” ကိုလိုချင်တာကြီးပဲမရဘူးလေ ဒါလေးကို စိတ်ထဲထားရင်ဖြစ်ပါတယ်။ ဖြစ်တယ်ဆိုတာက ကို အလုပ်လုပ်နေတဲ့အချိန်မှာ အလုပ်ကို အပြည့်အဝလုပ်မယ် ၊ဟုတ်တယ် ကိုအလုပ်လုပ်တဲ့အချိန်မှာ သူတို့ကိုအချိန်မပေးနိုင်ဘူး အပြည့်အဝဂရုမစိုက်နိုင်ဘူး။ ဒါပေမယ့် ဒီအလုပ်မလုပ်တဲ့အချိနိမှာ ရှူတင်ကနေပြန်ရောက် လာတာနဲ့ ကိုဘယ်လောက်ပင်ပန်းပင်ပန်း ရှူတင်သွားနေတဲ့အချိန်မှာထားခဲ့တာဖြစ်တဲ့အတွက် သူတို့ကိုအချိန်ပြန်ပေးရမယ်။ ကိုပင်ပန်းတာတွေဘာတွေမရှိတော့ဘူး။” ဆိုပြီး မိသားစုအပေါ်အချိန်ပေးဖြစ်ပုံကိုလဲပြောခဲ့ပါတယ်။

Valentine Surprise နဲ့ပတ်သက်ပြီးသက်မွန်က ထင်မှတ်မထားတဲ့ Surprise တစ်ခုကြောင့် ဝမ်းသာတာထက် စိတ်ဆိုးခဲ့ရတဲ့ အကြောင်းလေးကိုလဲပြောပြလာခဲ့ပါတယ်။ သက်မွန်ရဲ့ interview ဗီဒ်ီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ သက်မွန် ကိုချစ်ရင် Share ပေးသွားကြပါဦးနော်။

Video ကြည့်ရန်

Video Source : Pannpwint