Home အနုပညာ “အချစ်နဲ့ပတ်သက်ပြီးစွန့်လွှတ်ခဲ့ရတာမရှိဘူးဆိုတဲ့ မေမြင့်မိုရ်”

“အချစ်နဲ့ပတ်သက်ပြီးစွန့်လွှတ်ခဲ့ရတာမရှိဘူးဆိုတဲ့ မေမြင့်မိုရ်”

156
0

ပရိသတ်အားပေးမှုကို လက်ခံရရှိထားတဲ့ မေမြင့်မိုရ်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်တွေကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့အတွက် Star Awards ဆုကို ပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်ယောက်လို့လို့လည်းပြောရမှာပါ။အချစ်နဲ့ပတ်သက် ပြီးစွန့်လွှတ်ခဲ့တာမရှိဘူးဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အနုပညာအလုပ်တွေအောင်မြင် ဖို့အတွက်အချစ်ကိုစွန့်လွှတ်ခဲ့ရတာမရှိ နောက်လည်းရှိမယ်မထင်ပါဘူး“လို့ပြောပြထားပါတယ်။ “ဒီတစ်ယောက်ကိုပဲ ချစ်ချင်တယ် ဒီတစ်ယောက်ကိုပဲ လက်ထပ်ချင်တယ်ဆိုတော့ ကိုယ်တကယ်ချစ်တဲ့လူ ကိုယ့်ကိုလည်းတကယ်တန်ဖိုးထားချစ်တဲ့သူကိုပဲ ရွေးချယ်ချင်တယ် “လို့လည်း ဆက်ပြီးတော့ပြောပြထားပါသေးတယ်။“ချစ်သူဖြစ်ခွင့်တောင်းတဲ့သူတိုင်းကိုလည်းပြန်မချစ်ချင်ဘူး အချစ်နဲကဝေးနေတာတော့ကြာပြီ လို့လည်းပြောပြထားတာဖြစ်ပါတယ်။

“အပျော်ရည်စားတော့အမထားချင်ဘူး ချစ်သူဖြစ်ခွင့်တောင်းတဲ့သူရှိပေမယ့် ချစ်သူဆိုတာခနလေးဖြစ်လို့ရတယ် ဒါပေမဲ့ ပြတ်လိုက်ဆက်လိုက်ဆိုအဆင်မပြေဘူ“းလို့လည်းပြောပြထားပါသေးတယ်။ခုချိန်မှာတော့ မေမြင့်မိုရ်ရဲ့အချစ်တွေက ပရိသတ်တွေကိုပဲ ပုံပေးထားတယ်လို့မှတ်ချက်ပေးခဲ့ပါတယ် ။ပရိသတ်ကြီးရော မေမြင့်မိုရ်က ပရိသတ်ကြီးကို အချစ်တွေပုံပေးထားတဲ့အပေါ် မှတ်ချက်လေးရေးပေးခဲ့ပါဦး။