Home အနုပညာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာတည်မယ့် စေတီအတွက် သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မြင့်မြတ်

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာတည်မယ့် စေတီအတွက် သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မြင့်မြတ်

151
0

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်တွင်တည်ထားကိုးကွယ်မည့် ၃၁ ဘုံသားများအတွက်ရည်စူးပြီး ၃၁ တောင်ပြည့် အောင်သိန္ဒိစေတီ တည်ဖို့ရာအတွက် အဆိုတော် ထူးအယ်လင်းက ကြီးမှူးပြီး အလှူငွေကောက်ခံနေတာပဲဖြစ်ပါတယ် ။ အဆိုတော် ထူးအယ်လင်း တစ်ယောက် အရက်ဖြတ်ပြီးနောက်ပိုင်းမှာ ကောင်းမှုကုသိုလ်တွေကို တတ်အားသမျှလုပ်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ် ။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်တွင်တည်ထားကိုးကွယ်မည့် အောင်သိန္ဒိစေတီ တည်ဖို့ရာအတွက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ မတည်ငွေ သိန်းငါးဆယ်(၅,၀၀၀,၀၀၀) ၊ ထူးအယ်လင်း နှင့်ဆိုင်ကယ်ချစ်သူညီအကိုများမှ သိန်းသုံးဆယ်(၃,၀၀၀,၀၀၀) ၊ စုစုပေါင်းသိန်းရှစ်ဆယ်(၈,၀၀၀,၀၀၀)ဖြင့် စေတီတည်ဆောက်ဖို့ မတည်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

လှေတော်ရွာသူ ရွာသားတွေ သာသနာရေးက ဘုန်းတော်ကြီးတွေ တအားကို ဝမ်းသာပီတိဖြစ်နေကြပြီးး ဇာတ်လိုက်(မြင့်မြတ်)ကို ကျေးဇူးတင် ဝမ်းသာမိတယ် လို့ထူးအယ်လင်းရဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။ အခု ကုသိုလ်အမျှကို နတ် လူ ဘီလူး မုဒိတာပွားများ၍ ပီတိဝမ်းသာဖြင့် သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ လို့လည်း ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။ ပရိသတ်ကြီးကလည်း ကောင်းမှုတွေ လုပ်နေတဲ့ မြင့်မြတ် ၊ ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူများအဖွဲ့ရဲ့အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော် ။