Home အနုပညာ ခန့်ညားထည်ဝါလှတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဟန်ပန်တွေနဲ့ အကယ်ဒမီစိုးမြတ်သူဇာ

ခန့်ညားထည်ဝါလှတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဟန်ပန်တွေနဲ့ အကယ်ဒမီစိုးမြတ်သူဇာ

1279
0

အခုချိန်ထိ ဝါရင့်မင်းသမီးကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ အနုပညာအလုပ်တွေကို သူမငယ်ရွယ်နုပျိုစဉ်အရွယ်ကတည်းက တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။စိုးမြတ်သူဇာက တစ်ခြားမင်းသမီးတွေလို သေးသေးသွယ်သွယ်လေးမဟုတ်ဘဲ ထောင်ထောင်မောင်းမောင်းနဲ့ ခန့်ညားထည်ဝါလှတဲ့ အလှကို ပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေရဲ့ကြားမှာ တစ်မျိုးလေးနဲ့ လှနေတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

စိုးမြတ်သူဇာက ဝါရင့်သရုပ်ဆောင်ကြီး ဖြစ်သလို အနုပညာလောကမှာလည်း မကြီးစိုးဆိုပြီး လူအများက ဝိုင်းချစ်ကြပါတယ်။စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင် စိုးပြည့်သဇင် ဆိုပြီး ညီအစ်မလေးယောက်က နာမည်ဆင်လေးတွေဖြစ်လို့ ပရိတ်သတ်တွေက စိုးညီအစ်မလေးယောက်ဆိုပြီး အားပေးချစ်ခင်ကြပါတယ်။ညီမစ်မလေးယောက်လုံးက အရမ်းစည်းလုံးကြတဲ့အပြင် အခုဆိုရင်လည်း ညီအစ်မလေးယောက်ပေါင်းပြီးတော့ မင်းသမီးပိုးထည်တိုက်လေးကို ဖွင့်လှစ်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကို လုပ်ဆောင်နေကြပါတယ်။

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကလည်း မနည်းတော့ပြီဖြစ်လို့ သူမရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကတော့ ကျရာဇာတ်ရုပ်တိုင်းကို အရမ်းပီပြင်ပိုင်နိုင်လွန်းပါတယ်နော်။ယခုချိန်ထိလည်း ဇာတ်ကားတွေအများအပြားကို ရိုက်ကူးနေပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိနေဆဲဖြစ်လို့ အောင်မြင်နေသေးတဲ့ မင်းသမီးကြီးပါ။စိုးမြတ်သူဇာက ငယ်ငယ်တုန်းကလည်း တစ်မျိုးလေးနဲ့ လှပသလို အခုချိန်မှာဆိုလည်း ခန့်ညားထည်ဝါလှတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တာကြောင့် စိုးမြတ်သူဇာရဲ့ လှပပျိုမျစ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:မင်းသမီး ပိုးထည္တိုက်