Home အနုပညာ ရှိသမျှဟာကုန်ပါစေ ပရဟိတတော့လုပ်နေမှာပဲဆိုတဲ့ လင်းလင်း

ရှိသမျှဟာကုန်ပါစေ ပရဟိတတော့လုပ်နေမှာပဲဆိုတဲ့ လင်းလင်း

410
0

လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ယောက်ဟာ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို အစွဲပြုပြီး ခေတ်သစ်ဖောင်ဒေးရှင်းထောင်ထားကြသူတွေဖြစ်ပြီး ဆင်းရဲချို့တဲ့သူတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီကယ်တင်ပေးနေတဲ့ ပရဟိတအကျိုးတော်ဆောင်တွေလည်းဖြစ်ပါတယ်။ အနုပညာဘက်မှာထူးချွန်သလို လူတွေကိုကူညီဖို့လည်းစေတနာသဒ္ဓါတရားထက်သန်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်မြတ်နိုးမှုကိုရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေဆိုရင်လည်းမမှားပါဘူး။ လင်းလင်းက မကြာသေးမီက PannPwint Media နဲ့ အင်တာဗျူးမှာ ပရဟိတအလုပ်တွေအပေါ်သဘောထားနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းဖြေကြားပေးသွားခဲ့ပါတယ်။

လင်းလင်းက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အောင်ကြီးရဲ့တစ်ကိုယ်တော်အခွေတွေလာမယ်။ ဒေဝရဲ့အခွေတွေလည်းလာမယ်။ ကျွန်တော်ထုတ်ပေးမယ့်အခွေတွေ လေးငါးခွေလောက်ရှိတယ်ဆက်တိုက်။ ကျွန်တော့်ရဲ့ငါးခွေမြောက်အခွေပေါ့ တစ်ကိုယ်တော် Album ပေါ့။ အဲဒီဟာလည်းပြီးပြီ။ ထွက်တော့မှာ။ ခင်ဗျားတို့ကြိုက်ရတဲ့ရည်ရွယ်ချက်၊ကြိုက်ရတဲ့ခေါင်းစဉ် မမှားစေရဘူးဆိုတာတော့ ကျွန်တော်အာမခံပါတယ်။ ဒါပေမယ့် တစ်ခွေနဲ့တစ်ခွေကြားမှာနည်းနည်းဟတာလေးတွေ၊အချိန်ကြာတာလေးတွေတော့ နားလည်ခွင့်လွှတ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်”လို့ ပြောပြထားပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး ပရဟိတတွေအများကြီးလုပ်ဖြစ်နေတဲ့အကြောင်း လင်းလင်းက “ကျွန်တော်တို့လင်မယားနှစ်ယောက်က စိတ်တူကိုယ်တူဖြစ်တာလည်းပါမယ်ထင်တယ်။ တစ်ခုခုလှူတော့မယ် တစ်ခုခုလုပ်တော့မယ်ဆိုရင်ကြာကြာမတိုင်ပင်ရဘူး။ ကိုယ်ကလည်း အေး မိန်းမ ချ ကောင်းတယ်ဆိုတာမျိုး၊သူကလည်း အေး ယောက်ျားချကောင်းတယ်ဆိုတာပဲ။ ဒီဖောင်ဒေးရှင်းထောင်လိုက်တာတင်မဟုတ်ပဲနဲ့ အခြားလုပ်ဖြစ်တာတွေလည်းအများကြီးရှိပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

လင်းလင်းက အလှူတွေလုပ်လွန်းလို့ နှစ်ဖက်မိဘတွေကသတိပေးရတယ်ဆိုပြီးတော့လည်း “အဲ့လိုလုပ်လွန်းလို့ နှစ်ဖက်မိဘတွေက လင်ရယ်မယားရယ်ဖြစ်ပြီး ကလေးတွေလည်းရပြီဆိုတော့ Life မှာဖြတ်သန်းရမှာတွေအများကြီးရှိတယ်ဆိုပြီးတော့သတိပေးရတယ်။ ကျွန်တော်တို့က ရှိရင်ရှိတာအကုန်လုပ်တာကိုး၊ ဒီလိုစိတ်တူကိုယ်တူနှစ်ယောက်အိမ်ထောင်လာကျတဲ့ ကံကြမ္မာကိုပဲကျေးဇူးတင်ရမှာပေါ့နော်။ သူလုပ်ချင်တာနဲ့ ကိုယ်လုပ်ချင်တဲ့ဟာတူတယ်ဆိုတော့လေ”လို့ ပြောထားပါတယ်။

ပရဟိတကိုတော့ ရှိသမျှဟာကုန်လည်းလုပ်နေဦးမှာပဲလို့ လင်းလင်းကရဲရဲတောက်ပြောကြားခဲ့ပါသေးတယ်။ လင်းလင်းက “ဒီပရဟိတဟာတွေကိုတော့လုပ်နေဦးမှာပဲ။ဆုံးဖြတ်ထားပြီးပြီ။ မရှိရှိတာကုန်ုပလေ့စေ။ နိုင်သလောက်လုပ်မယ်။ ကျွန်တော်တို့လင်မယားနှစ်ယောက်အမြဲပြောတယ်။ ဆိုးဆိုးရွားရွားကြီးတော့ ငါတို့ဖြစ်မသွားပါဘူးကွာ ငါတို့တောင်းစားလောက်ရတဲ့အထိတော့ဖြစ်မသွားပါဘူးလို့ ငါတို့ရှိတဲ့ငွေနဲ့နိုင်တဲ့အားနဲ့။ ကျွန်တော်တို့မှာရည်ရွယ်ချက်က တစ်ခုပဲရှိတယ်။ အချိန်မရွေး ဘယ်လိုသေခြင်းမျိုးနဲ့ပဲ ကြုံကြုံ။အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားတယ်။ဒါပဲ”လို့ ပြောပြထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးကိုချစ်ကြလား။လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ယောက်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say