Home အနုပညာ ဗိုလ်ချုပ်အောင်ဆန်း (၁၀၄)နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့ဆုတောင်းစကား ပြောခဲ့တဲ့ ဒေါင်း

ဗိုလ်ချုပ်အောင်ဆန်း (၁၀၄)နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့ဆုတောင်းစကား ပြောခဲ့တဲ့ ဒေါင်း

350
0

နိုင်ငံကျော် မင်းသားချောလေး ဒေါင်းက လတ်တလောမှာ ပရိသတ် စိတ်ဝင်စားခြင်း ခံနေရတဲ့ မင်းသားတစ်ဦးပါပဲ။ တည်ငြိမ်လွန်းတဲ့ မင်းသားချောလေး ဒေါင်းက လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှုကို ခံနေရတာတဲ့ ဒေါင်းက လက်ရှိမှာလဲ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဒေါင်းက သူ့ရဲ့အနုပညာ ခြေလှမ်းသစ်ဖြစ်တဲ့ “လရဲ့အောင်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

ဒေါင်းရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ Longing with Love” ဇာတ်လမ်းတွဲကလဲ မကြာခင်မှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲက စာရေးဆရာမကြီး နုနုရည်အင်းဝရဲ့ ဝတ္ထုကို ဒါရိုက်တာနေသန်မောင်က ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာ ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုံတို့က အဓိကပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ၉၁၃)ရက်နေ့မှာတော့ ဗိုလ်ချုပ်မွေးနေ့အမှတ်တရ အနေနဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာ နောင်မင်းလတ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒေါင်းရဲ့ စကားသံကို အတူတူ နားထောင်ကြည့်ရအောင်နော်။

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့ဆုတောင်း – ဒောင်း (နောင်မင်းလတ်)

ဒောင်းကတော့ ဗိုလိချုပ်မွေးနေ့အမှတ်တရအနေနဲ့ မွေးနေ့ဆုတောင်းစကားလေးကို လေးလေးနက်နက် ဆုတောင်းထားတာ ဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲကြီးက ဖေဖော်ဝါရီလအတွင်း ပြသတော့မှာမို့ စောင့်မျှော်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး