Home အနုပညာ ၂၀၁၈ အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ပို့ဆုအတွက် အကယ်ဒမီရဖို့ တစ်ပြေးနေတဲ့ မအေးသောင်း

၂၀၁၈ အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ပို့ဆုအတွက် အကယ်ဒမီရဖို့ တစ်ပြေးနေတဲ့ မအေးသောင်း

612
0

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ဂုဏ်ပြုခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးဟာဆိုရင် ပရိသတ်တွေကြား မကြာခင်အချိန်မှာ ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာမယ့် ၂၀၁၉ မတ်လမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိမည့် သူများအတွက်လည်း အကြီးအကဲ ဒိုင်ကြီးများက သေချာအကဲဖြတ် စစ်ဆေးပေးနေကြပြီပဲဖြစ်ပါတယ်။

2018 အကယ်ဒမီ ပေးပွဲမှာ အမျိုးသမီးဇာတ်ပို့ဆု အတွက် တစ်ပြေးနေတာကတော့မအေးသောင်းပဲဖြစ်ပါတယ်။ သရုပ်ဆောင် အေးသောင်းဟာ ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာ ပရိသတ်တွေ မထင်မှတ်ထားလောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုအားပေးကြသူ ပရိသတ်များအပေါင်းကို အသည်းတယားယားဖြစ်စေနိုင်လောက်တဲ့ သရုပ်ဆောင်မှုတွေကို ချပြပေးနိုင်ခဲ့တာကြောင့် အကယ်ဒမီ ဇာတ်ပို့ဆု ရရှိနိုင်ခြေများကြောင်း ခန့်မှန်းထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေခန့်မှန်းသလို မအေးသောင်းလဲ အကယ်ဒမီရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော မအေးသောင်းကို အကယ်ဒမီရစေချင်လား ပြောပေးခဲ့ကြဦးနော်။