Home အနုပညာ ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ


703
0


ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ 1

ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ 2

 

ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ 3

ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ 4


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝနတို့စုံတွဲ မကြာခင်ပြန်အဆင်ပြေ သွားမှာပါလို့ပြောလာတဲ့ သာဒီးလူ

ချစ်သူသက်တမ်း ၁၀နှစ်နီးပါးရှိပြီ ဖြစ်လို့ စိတ်တူကိုယ်တူလက်ထပ်ကြဖို့ ရည်ရွယ်ပြီး မင်္ဂရက်မြတ်ရွေးချယ် ကာ Pre Weddingအတွက် အလှ ဓာတ်ပုံတွေရိုက်ပြီးမှ မင်္ဂလာပွဲပျက် သွားပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ရက် မနက်ပိုင်းက ဝနရဲ့ချစ်သူ Aung Nun ရဲ့လူမှုကွန်ယက်စာမျက် နှာမှာ ဖော်ပြထားတာတွေ့ရပြီး ဆွေမျိုး၊မိတ်ဆွေနဲ့သူငယ်ချင်းများမှ အံ့သြဝမ်းကာ အချင်းချင်းညှိနှိုင်းဖို့ အကြောင်းတွေမေးမြန်းရေးသား ထားတာတွေ့ရပါတယ်။

‘အားလုံးကို တောင်းပန်ပါတယ် မင်္ဂလာပွဲပျက်သွားပြီဖြစ်ကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ အသိပေး ပါတယ်’ လို့သာရေးသားထားပြီး မင်္ဂလာပွဲပျက်ရတဲ့ အကြောင်းအရင်း ကို ပြန်လည်ဖြေရှင်းပြောဆိုထားတာ မရှိသေးပါဘူး ။ ဝနရဲ့ သူငယ်ချင်းဖြစ်သူ တေးသံရှင် သာဒီး ကတော့
” ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ။တိုက်ဆိုင်မှုမရှိရင်တော့ ပြတ်ကြမှာပေါ့ဗျာ။အစကတော့ ပြန် ပြီး အဆင်ပြေမယ်ထင်တာပဲလေ။ ကျွန်တော်တို့လင်မယားတွေတုန်းက လည်း အဲလိုပဲပြသနာတွေတက်ကြ တာပဲလေ။ပြီးရင်တော့ ပြန်အဆင်ပြေ သွားတာပဲ။ဒါကတော့ လင်နဲ့မယားတိုင်း မှာဖြစ် တတ်ကြပါတယ်။ ကျွန်တော် လည်း အစကတော့အဲလိုပဲ ထင်တာ ပါ။သူတို့စိတ်ဆိုးနေကြလို့ပါ။ပြီးရင် ပြန်အဆင်ပြေသွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ် ။ ချစ်သူသက်တမ်းလည်းကြာပြီ ဖြစ်သလို တစ်ယောက်ကိုတစ် ယောက် သိပ်ချစ်ကြတဲ့စုံတွဲဖြစ်တာ ကြောင့် သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပရိသတ်တွေက သူတို့ကို ပြန်လည် အဆင်ပြေစေချင်နေကြတယ်လို့ သိရ ပါတယ်။