Home အနုပညာ Valentine Day လက်ဆောင်အဖြစ် ကောင်မလေးရဲ့လက်ကိုဆွဲပြီး သူကြိုက်တဲ့လက်ဝတ်ရတနာတွေကို ရွေးဝယ်ပေးခဲ့တဲ့ Mikis

Valentine Day လက်ဆောင်အဖြစ် ကောင်မလေးရဲ့လက်ကိုဆွဲပြီး သူကြိုက်တဲ့လက်ဝတ်ရတနာတွေကို ရွေးဝယ်ပေးခဲ့တဲ့ Mikis

803
0

မြန်မာပြည်မှာနေတဲ့ ဂျာမနီဖွား အဆိုတော်လေး Mikis Weber ကတော့ ကောင်မလေးတွေသဲသဲလှုပ်ဝန်းရံခံရသူလေးမို့ ပ&dသတ်တွေ မသိတဲ့သူမရှိသလောက်ပါပဲ။ Mikis ကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး မြန်မာ အစားသောက်တွေကို ကြိုက်တတ်တဲ့ မစ်ကီလေးကို ပရိသတ်တွေက အရမ်းကိုချစ်ခင်အားပေးကြပါတယ်။

Mikis ဟာ မြန်မာပြည်မှာ သီချင်းလေးတွေ လုပ်နေပြီး ကြော်ငြာမဂ္ဂဇင်းဓာတ်ပုံလေးတွေတောင် လက်ခံရိုက်ကူးနေရ သူဖြစ်ပါတယ်။ Mikis ကတော့ မြန်မာမလေးဖြစ်တဲ့ ဆုဆုဝင်းနဲ့ ချစ်ကြိုးသွယ်နေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ပရိသတ်တွေကလဲ Mikis တို့စုံတွဲကို သဘောတူကြပြီး လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေခဲ့ပါတယ်။

ယနေ့မှာတော့ Mikisတစ်ယောက် Valentine dayနေ့မှာ Valentine dayလက်ဆောင်အဖြစ် ကောင်မလေးရဲ့လက်ကိုဆွဲပြီး သူကြိုက်တဲ့လက်ဝတ်ရတနာတွေကို ရွေးဝယ်ပေးခဲ့ပါတယ်။တစ်ယောက်ကိုတစ်ယောက် ကြည်နူးတဲ့ အပြုံးလေးတွေနဲ့ ကြည့်နေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပြီး အဆိုပါပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: Dynasty Gold & Jewellery