Home အနုပညာ ပရိသတ်​​တွေကို Happy Valentine’s Day လို့​ပြောပြီး သီချင်းဆိုပြခဲ့တဲ့ မေမေချစ်သုဝေနဲ့ ​ခေတ်​​တုတ်​​လေးရဲ့ဗီဒီယို

ပရိသတ်​​တွေကို Happy Valentine’s Day လို့​ပြောပြီး သီချင်းဆိုပြခဲ့တဲ့ မေမေချစ်သုဝေနဲ့ ​ခေတ်​​တုတ်​​လေးရဲ့ဗီဒီယို

1423
0

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက ဒီ​နေ့​ Valentine’s ​Day ​လေးမှာ ချစ်​စရာ​ကောင်းတဲ့ သမီး​လေး​ခေတ်​နဲ့အတူ Live လွှင့်​ခဲ့တာ ​တွေ့ရပါတယ်​။ မီး​တွေပျက်​​နေတဲ့ ချစ်​သူများ​နေ့​လေးမှာ​တော့ သမီး​လေး​ခေတ်​နဲ့ ​ပျော်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့ live ဗီဒီယို​လေးက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပဲ ဖြစ်​ပါတယ်​။

ချစ်ပရိသတ်တွေအတွက် သမီး​လေး​ခေတ်​ကိုထိန်းရင်း အလုပ်​ရှုပ်​​နေတဲ့ ​မေ​မေချစ်​သု​ဝေရဲ့​Live ​ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေချစ်သုဝေကတော့ ပရိသတ်​ကိုသီချင်းဆိုပြဖို့ live လွှင့်​ခဲ့​ပေမယ့်​ သမီး​လေး​ခေတ်​ကိုထိန်း​နေရတာ​ကြောင့်​ မဆိုပြဖြစ်​​တော့ပဲ ​ခေတ်​​လေးကသာ ​မေ​မေရဲ့သီချင်း​တွေကို အားရပါးရသီဆိုပြခဲ့တာပါ။

ချစ်​စရာ​ကောင်းလွန်းတဲ့ ​မေ​မေချစ်​သု​ဝေနဲ့ ​ခေတ်​တုတ်​​လေးရဲ့ ဗီဒီယို

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ ချစ်ပရိသတ်တွေလည်း စကား​ကောင်း​ကောင်း​ပြောပြီး ​မေ​မေချစ်​သု​ဝေရဲ့ သီချင်း​တွေပါ စည်းချက်​ညီညီဆိုပြခဲ့တဲ့ ​ခေတ်​​လေးကိုချစ်​ရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay