Home အနုပညာ ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်ဆိုတဲ့ ခင်လှိုင့်သမီးလေး သဇင်ထူးမြင့်

ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်ဆိုတဲ့ ခင်လှိုင့်သမီးလေး သဇင်ထူးမြင့်

286
0

ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင့်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ ၂၀၁၈ ခုနှစ်၊ အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေနဲ့ စတင်ပြီး ရင်းနှီးမှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ အပျိုပေါက်လေးအရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့်လေးက အရမ်းကို ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သဇင်ထူးမြင့်လေးကဆယ်ကျော်သက်အရွယ် ယောက်ျားလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ သဇင်ထူးမြင့်က သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မိဘစကားကို နားထောင်ပြီး အရမ်းကိုလိမ္မာတဲ့ သမီးလေး သဇင်ထူးမြင့်က မကြာသေးခင်ကလည်း “Star Academy” ရဲ့ “29th Convocation Ceremony” ပွဲမှာ ဘွဲ့တစ်ခုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က သူမခံယူထားတဲ့ စိတ်သဘောထားလေးကို ပြောပြလာခဲ့ပါတယ်။

သဇင်ထူးမြင့်က ” ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်…..ကိုယ့်ကိုပိုင်ဆိုင်မယ့်သူက ကံကောင်းတယ်ဆိုတာမျိုးပဲ ကြားချင်တယ် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ရဲ့ မျက်နှာလေးက အရမ်းကို အပြစ်ကင်းစင်ပြီး အေးချမ်းလွန်းတာဆိုတာ မြင်သူတိုင်းက လက်ခံမိမယ် ထင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင့်သမီးချောလေး သဇင်ထူးမြင့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint;