Home အနုပညာ ချစ်သူများနေ့မှာ ချစ်ဇနီးလေး ကုသိုလ်ရအောင် မဟာမြတ်မုနိဘုရားကြီးမှာ ရွှေထည်တွေလှူခဲ့တဲ့ ရွှေထူး

ချစ်သူများနေ့မှာ ချစ်ဇနီးလေး ကုသိုလ်ရအောင် မဟာမြတ်မုနိဘုရားကြီးမှာ ရွှေထည်တွေလှူခဲ့တဲ့ ရွှေထူး

454
0

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက် ၃ လ သာရှိသေးလို့ ချစ်လို့မဝသေးတဲ့ ချစ်စခင်စဇနီးမောင်နှံလေး လဲဖြစ်ပါတယ်။ အိမ်ထောင်သက် ၃ လကျော်သာ ရှိသေးတဲ့ သူတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုအပြည့်နဲ့ ချစ်ခင်ကြတာကို ပရိသတ်တွေလဲ သိပြီးသားနေမှာပါ။

ဒီနှစ် ချစ်သူများနေ့မှာတော့ ရွှေထူးက ဇနီးလေး ရွှေမှုံရတီကို ထူးထူးခြားခြား အနေနဲ့ ကုသိုလ်တွေ တလှေကြီးရအောင် လုပ်ပေးခဲ့ပါတယ်။

ရွှေထူးကေ၇ွှမှုံရတီအတွက် မဟာမြတ်မုနိ ဘုရားကြီးမှ ရွှေထည်တွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဘယ်လောက်တောင် စိတ်ကူးကောင်းလိုက်တဲ့ ရွှေထူးလဲနော်

ပရိသတ်ကြီးလဲ ရွှေမှုံအတွက် ရွှေထူးရဲ့ အလှူကို ကြည့်ပြီး ထပ်တူပီတိဖြစ်နေကြမယ် ထင်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ စိတ်ကူးကောင်းကောင်းနဲ့ Surprise လုပ်ခြင်းခံရတဲံ ရွှေမှုံရတီလဲ တော်တော်လေး ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ရွှေထူး နဲ့ ရွှေမှုံရတီက မကြာသေးခင်ကပဲ ဘာလီအပျော်ခရီးက ပြန်ရောက်လာတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ကိုင်နေတာဖြစ်ပါတယ်။

Rowena
Source: Shwe Mhone Yati’s fb