Home အနုပညာ ချစ်သူကောင်လေးကို အလင်းပြလိုက်တဲ့ မင်းသမီးချောလေး ​မေသက်​ခိုင်

ချစ်သူကောင်လေးကို အလင်းပြလိုက်တဲ့ မင်းသမီးချောလေး ​မေသက်​ခိုင်

955
0

မျက်နှာဖောင်းဖောင်းလေးနဲ့ ချိုမြိန်လှတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ရော၊ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေသက်ခိုင်က သူမချစ်ရတဲ့ ချစ်သူလေးနဲ့ relationship ချိတ်ပြီး ပရိသတ်တွေကို အတိအလင်း ချပြလိုက်ပါပြီ။ ဘယ်လိုကြည့်ကြည့် လိုက်ဖက်ညီလွန်းတဲ့ မေသက်ခိုင်တို့အတွဲလေးကိုတော့ ပရိသတ်တွေအားလုံးကလည်း သဘောကျချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ခပ်ချောချော ချစ်သူကောင်လေးကို အလင်းပြလိုက်တဲ့ မေသက်ခိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေသက်ခိုင်နဲ့ သူမရဲ့ချစ်သူတို့နှစ်ဦးကတော့ နှစ်ယောက်လုံးရဲ့ ဆိုရှယ်စာမျက်နှာပေါ်မှာ တရားဝင် Relationship တင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

မကြာခဏဆိုသလို အတူတွဲတွေ့ရလေ့ရှိတဲ့ မေသက်ခိုင်တို့ချစ်သူနှစ်ဦး

မေသက်ခိုင်နဲ့ သူမရဲ့ချစ်သူတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း ၄ လကျော်သွားပြီပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေ လုံးဝမလုပ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိနေဆဲပဲ ဖြစ်ပါတယ်။ တလောကလည်း ဘန်ကောက်မှာ ကျောင်းသွားတက်နေတဲ့ သူမကတော့ လတ်တလောမှာ မြန်မာပြည်သို့ပြန်ရောက်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ မေသက်ခိုင်တို့ချစ်သူနှစ်ဦးကို နှစ်ပေါင်းများစွာကြာ လက်တွဲနိုင်ဖို့ ဆုတောင်းစကားတွေ ပြောသွားခဲ့ပါဦးနော်။

Source : momolay