Home အနုပညာ ပန်းရောင်ခြယ်ပေးတဲ့ လက်ဆောင်လေးကြောင့် သဘောတွေကျနေတဲ့ Liam လေး

ပန်းရောင်ခြယ်ပေးတဲ့ လက်ဆောင်လေးကြောင့် သဘောတွေကျနေတဲ့ Liam လေး

925
0

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးလေးကတော့ ချစ်ရသူနဲ့အတူ လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ လတ်တလောမှာတော့ ယွန်းဝတီလွင်မိုးက သားသားလေး Liam ကို လက်ဆောင်ပေးခဲ့တဲ့ တီတီပန်းရောင်ခြယ်ရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ Liam လေးကတော့ တီတီပန်းရောင်ပေးတဲ့ လက်ဆောင်လေးကို တော်တော်လေးသဘောကျပြီး ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် တီတီပန်းရောင်ခြယ်လေးရဲ့လက်ဆောင်ကို သဘောကျနေတဲ့ Liam လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းဝတီလွင်မိုးကတော့ “thank you for the present aunties @panyaungchel ” ဆိုပြီး ပန်းရောင်ခြယ်ရဲ့ချစ်စရာလက်ဆောင်လေးကို သဘောကျနေတဲ့ Liam လေးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

တီတီလေး ပန်းရောင်ရဲ့လက်ဆောင်ကို သဘောကျနေတဲ့ Liamလေး

ယွန်းဝတီလွင်မိုးရဲ့ ချစ်မဝတဲ့ သားသားလေး Liam (လွင်ထက်) ကတော့ အခုဆိုရင် ၄ လကျော်သွားပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ချစ်ရသူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ သြဂုတ်လ ၆ရက်နေ့မှာ သားဦးလေး liam ကို မွေးဖွားသန့်စင်ခဲ့တာပါ ။ ယွန်းဝတီလွင်မိုးလေးကတော့ မကြာခင်မှာပဲ ကျောင်းတက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျကို ပြန်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ချစ်ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ သားသားလေး Liam လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay