Home အနုပညာ “ဇာတ်လမ်းတွဲ အသစ်လေးကြောင့် ဆံပင်ညှပ်ရပါမယ်လို့ ဆိုလာတဲ့ ပိုးကြာဖြူခင်”

“ဇာတ်လမ်းတွဲ အသစ်လေးကြောင့် ဆံပင်ညှပ်ရပါမယ်လို့ ဆိုလာတဲ့ ပိုးကြာဖြူခင်”

55
0

ဆိုင်းမိုင်လို့ခေါ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိသတ်တော်တော်များများရဲ့အချစ်ကိုပိုင်ဆိုင်ထားပြီး အောင်မြင်မူကိုရရှိထားတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်လို့ဆိုနိုင်ပါတယ်။ နောက်ထပ်ဇာတ်လမ်းတွဲကို မန္တလေးမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပြီးတော့ အဲဇာတ်လမ်းတွဲ အသစ်လေးကြောင့် ဆံပင်ညှပ်ရပါမယ်လို့ ဆိုတာကို The Radar မီဒီယာကို ပြောပြခဲ့တာဖြစ်ပါတယ်။

“ခုလတ်တလောမှာတော့ ကြော်ငြာ လေးတွေလက်ခံထားတာရှိတယ် သီချင်းလေးတွေရိုက်ဖို့ရှိတယ် (၇)လပိုင်းမှာမန္တလေးမှာဇာတ်လမ်းတွဲရိုက်ဖို့ရှိပါတယ်။ ဒီဇာတ်လမ်းလေးကလည်းပရိသတ်တွေရင်ထဲကိုရောက်စေမယ့်ဇာတ်ကားလေးလို့ထင်ပါတယ်။ အရင်ကအရမ်းရိုက်ချင်တဲ့ကာရိုက်အသစ်လေးနဲ့ရိုက်ရမှာပါ၊ အသက်ကြီးသွားလို့ပြောင်းလဲသွားတယ်ထင်တယ်။ ပရိသတ်ကိုတစ်ခုပြောချင်တာကအသစ်ဇာတ်လမ်းတွဲမှာဆံပင်ညှပ်ရပါမယ် “လို့ကာရိုက်တာအသစ်လေးနဲ့ ပတ်သက်ပြီးတော့ ပြောပြထားတာဖြစ်ပြီးတော့

” ညီမကို အားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဆိုင်းမိုင်းတုန်းကဆိုင်းမိုင်ကိုချစ်သလို အသစ်ကာရိုက်တာလေးတွေကိုလည်းချစ်ပေးကြပါ” လို့လည်းသူ့ရဲ့ ကာရိုက်တာအသစ်လေးတွေကို ဆိုင်းမိုင်ကာရိုက်တာကို ချစ်သလိုမျိုး ချစ်ပေးပါလို့ဆက်ပြီးတော့ပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကို ဆံပင်ညှပ်စေချင်လားဆိုတာ မှတ်ချက်လေးရေးပေးခဲ့ပါဦး။