Home အနုပညာ “လူပျိုကြီးအတွက်ဘဝကမလွယ်ကူဘူးလို့ဆိုလာတဲ့ စိုင်းစိုင်း ”

“လူပျိုကြီးအတွက်ဘဝကမလွယ်ကူဘူးလို့ဆိုလာတဲ့ စိုင်းစိုင်း ”

88
0

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားဆယ်လီ တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး မိန်းကလေးအယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က စိုင်းစိုင်းရဲ့အမာခံပရိသတ်လို့ တောင်ဆိုနိုင်ပါတယ်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲဆယ်လီမို့ တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကိုတော့ နည်းနည်းပါးပါးခံရတာတွေတော့ရှိပါတယ်။စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။

အမျိုးသမီးတွေဝိုင်းဝိုင်းလည်နေပေမယ့်အခုချိန် လက်တွဲဖော်ကိုထုတ်မပြသေးတဲ့စိုင်းစိုင်းရဲ့အချစ်ရေးကို ပရိသတ်တွေ အထူးစိတ်ဝင်တစားရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်လို Troll နေပါစေ ။ ဘယ်လောက်ပဲ အမျိုးသားထုကြီးရဲ့ မနာလိုဖြစ်ပြီး ချစ်လို့ Troll သည်ဖြစ်စေ မချစ်လို့ဖြစ်စေ စိုင်းစိုင်းကတော့ အပြုံးမပျက်ပဲ ပရိသတ်ချစ်အောင် ပညာသားပါပါတုံ့ ပြန်တတ်တဲ့ ဝါရင့်သဘာရင့် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, sitting, phone and indoor

လတ်တလောမှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ My day မှာ လူပျို ကြီးအတွက် ဘဝကမလွယ်ကူဘူးဆိုတာကို “Life ain’t easy for lu pyo gyi” ဆိုပြီး ဈေးဝယ်ထွက်နေတဲ့ခြင်းနဲ့အတူ တင်ထားတာပဲ ဖြစ်ပါတယ်။လူပျို ကြီးကတော့ ဘဝကမလွယ်ဘူးလို့ပြောပုံအရဆို အိမ်ထောင်ပြုဖို့စိတ်ကူးနေပြီလားဆိုတာစဉ်းစားစရာပါပဲနော်။ အဘက်ဘက်ကပြည့်စုံနေတဲ့ သူအတွက် ဖူးစာဖက် ပဲလိုအပ်တော့တာမို့ လူပျိုကြီးဘဝနဲ့နေဖို့ ပင်ပန်းနေပြီလားဆိုတာ တွေးစရာပါပဲနော်။ပရိသတ်ကြီးရော လူပျိုကြီးဘဝနဲ့ခက်ခဲနေတဲ့ ဦးစိုင်းကို အိမ်ထောင်ပြုစေချင်ပြီလားဆိုတာ မှတ်ချက်ပေးသွားပါဦးနော်။