Home အႏုပညာ မသိဘူးေကာက္မယ္ဆိုတဲ့ ဇနီးေခ်ာေလးရဲ႕ ေကာက္ပံုေကာက္နည္းအမ်ိဳးမ်ိဳးေတြကို ထုတ္ျပလာတဲ့ ေရႊထူး

မသိဘူးေကာက္မယ္ဆိုတဲ့ ဇနီးေခ်ာေလးရဲ႕ ေကာက္ပံုေကာက္နည္းအမ်ိဳးမ်ိဳးေတြကို ထုတ္ျပလာတဲ့ ေရႊထူး

55
0

ေရႊႏွစ္ေရႊလို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခၚေဝၚၾကတဲ့ ေရႊထူးနဲ႔ ေရႊမွုံရတီကေတာ့ ေနနဲ႔လ ေရႊနဲ႔ျမလို အင္မတန္ လိုက္ဖက္တဲ့ ဇနီးေမာင္ႏွံေလးပါ။ အတုိက္အခိုက္ေတြၾကားထဲမွာ အျပံဳးမပ်က္ဘဲ ခ်စ္ရသူလက္ကို ျမဲျမဲဆုပ္ကိုင္ထားႏိုင္တာလည္း အခ်စ္စစ္အခ်စ္မွန္ေတြရဲ႕ စြမ္းအားတစ္ခုပါပဲ။ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာပဲ အမ်ားျပည္သူေရွ႕မွာ လက္ထပ္ထိမ္းျမားခဲ့တဲ့ ေရႊႏွစ္ေရႊကေတာ့ ဒီေန႔ဆိုရင္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လုိက္နဲ႔ အိမ္ေထာင္သက္တမ္း ၇ လျပည့္ခဲ့ပါျပီ။

ေရႊမွုံရတီရဲ႕ ႏြဲ႕ဆိုးဆိုးမွုေတြၾကားမွာ ေခ်ာ့ျမဴရင္း ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္သည္ဘဝေလးကို ျဖတ္သန္းလာခဲ့တာကိုလည္း ေတြ႔ျမင္ရမွာပါ။ သိမ္ေမႊ႕ႏူးညံ့တဲ့အခ်စ္ေတြၾကားမွာ တည္ေဆာက္ထားတာမို႔ တခါတရံ အမ်ားအားက်ရေလာက္ေအာင္ ခ်စ္ျပႏိုင္တာကိုလည္း ေတြ႔ႏိုင္ပါေသးတယ္။

၂၀၁၉ ခုႏွစ္ ဇြန္လ ၁၁ ရက္ေန႔ေလးျဖစ္တဲ့ အိမ္ေထာင္သက္ (၇) လျပည့္တဲ့ေန႔ေလးမွာ ခင္ပြန္းျဖစ္သူ ေရႊထူးကေတာ့ ခ်စ္ဇနီးေလးရဲ႕ ေကာက္ပံုေကာက္နည္းအမ်ိဳးမ်ိဳးပံုေတြကို သူ႔ရဲ႕ လူမွုကြန္ယက္အေကာင့္ကေန မ်ွေဝလာတာပါ။ ကေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းေနတဲ့ ေရႊမွုံရတီရဲ႕ေကာက္ပံုေလးေတြကိုလည္း ျမင္ေတြ႔ႏိုင္ပါေသးတယ္။

ဒါ့အျပင္ ေရႊထူးကေတာ့ ခ်စ္ဇနီးေလးရဲ႕ မသိဘူးေကာက္မယ္ဆုိတဲ့ ေကာက္မွုေတြအၾကား တတ္ႏိုင္သမ်ွ ေျဖာင့္ေပးေအာင္ ၾကိဳးစားသြားဦးမွာပါတဲ့။

“မသိဘူးေကာက္မယ္ဆိုတဲ့ ဇနီးေခ်ာေလးေရ … အရမ္းခ်စ္တယ္ … ❤️❤️❤️ဘာလိုလိုနဲ႔အိမ္ေထာင္သက္ ၇ လရွိသြားၿပီ … အရင္ထက္ပိုၿပီး ေကာက္သမွ်ကို ေျဖာင့္ေပးႏိုင္ေအာင္ဆက္ႀကိဳးစားပါဦးမယ္ဗ်ာ ❤️❤️❤️ 🍭🍭🍭”တဲ့။ ေရႊမွုံေလးကေတာ့ သူမအေပၚ တကယ္သည္းခံျပီးခ်စ္ေပးႏိုင္တဲ့ အိမ္ေထာင္ဘက္ေကာင္းေလးကို လက္တြဲျပီး ပိုင္ဆုိင္ထားရတာေနာ္။

သူတို႔ ႏွစ္ေယာက္ရဲ႕ပုံေလးေတြကိုၾကည့္ျပီး ပရိသတ္ၾကီးလည္း အေပ်ာ္ေတြကူးစက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Unicode

ရွှေနှစ်ရွှေလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ နေနဲ့လ ရွှေနဲ့မြလို အင်မတန် လိုက်ဖက်တဲ့ ဇနီးမောင်နှံလေးပါ။ အတိုက်အခိုက်တွေကြားထဲမှာ အပြုံးမပျက်ဘဲ ချစ်ရသူလက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်တာလည်း အချစ်စစ်အချစ်မှန်တွေရဲ့ စွမ်းအားတစ်ခုပါပဲ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ အများပြည်သူရှေ့မှာ လက်ထပ်ထိမ်းမြားခဲ့တဲ့ ရွှေနှစ်ရွှေကတော့ ဒီနေ့ဆိုရင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အိမ်ထောင်သက်တမ်း ၇ လပြည့်ခဲ့ပါပြီ။

ရွှေမှုံရတီရဲ့ နွဲ့ဆိုးဆိုးမှုတွေကြားမှာ ချော့မြူရင်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းလာခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။ သိမ်မွှေ့နူးညံ့တဲ့အချစ်တွေကြားမှာ တည်ဆောက်ထားတာမို့ တခါတရံ အများအားကျရလောက်အောင် ချစ်ပြနိုင်တာကိုလည်း တွေ့နိုင်ပါသေးတယ်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့လေးဖြစ်တဲ့ အိမ်ထောင်သက် (၇) လပြည့်တဲ့နေ့လေးမှာ ခင်ပွန်းဖြစ်သူ ရွှေထူးကတော့ ချစ်ဇနီးလေးရဲ့ ကောက်ပုံကောက်နည်းအမျိုးမျိုးပုံတွေကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ မျှဝေလာတာပါ။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ရွှေမှုံရတီရဲ့ကောက်ပုံလေးတွေကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။

ဒါ့အပြင် ရွှေထူးကတော့ ချစ်ဇနီးလေးရဲ့ မသိဘူးကောက်မယ်ဆိုတဲ့ ကောက်မှုတွေအကြား တတ်နိုင်သမျှ ဖြောင့်ပေးအောင် ကြိုးစားသွားဦးမှာပါတဲ့။

“မသိဘူးကောက်မယ်ဆိုတဲ့ ဇနီးချောလေးရေ … အရမ်းချစ်တယ် … ❤️❤️❤️ဘာလိုလိုနဲ့အိမ်ထောင်သက် ၇ လရှိသွားပြီ … အရင်ထက်ပိုပြီး ကောက်သမျှကို ဖြောင့်ပေးနိုင်အောင်ဆက်ကြိုးစားပါဦးမယ်ဗျာ ❤️❤️❤️ 🍭🍭🍭”တဲ့။ ရွှေမှုံလေးကတော့ သူမအပေါ် တကယ်သည်းခံပြီးချစ်ပေးနိုင်တဲ့ အိမ်ထောင်ဘက်ကောင်းလေးကို လက်တွဲပြီး ပိုင်ဆိုင်ထားရတာနော်။

သူတို့ နှစ်ယောက်ရဲ့ပုံလေးတွေကိုကြည့်ပြီး ပရိသတ်ကြီးလည်း အပျော်တွေကူးစက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : We Love Cele