Home အနုပညာ စိန်ဘယက်ကြော်ငြာရိုက်ကူးခဲ့စဉ်က သူတို့မောင်နှမလေးယောက်ရဲ့ ငယ်ဘဝပုံလေးတွေကို ထုတ်ပြလိုက်တဲ့ သူရိယ

စိန်ဘယက်ကြော်ငြာရိုက်ကူးခဲ့စဉ်က သူတို့မောင်နှမလေးယောက်ရဲ့ ငယ်ဘဝပုံလေးတွေကို ထုတ်ပြလိုက်တဲ့ သူရိယ

1174
0

သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ စိန်ဘယက်ဆေးတိုက်ပိုင်ရှင်ရဲ့သားတစ်ဦးဖြစ်ပြီး စိန်ဘယက်ကြော်ငြာလေးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာရိုက်ကူးပြီး အနုပညာလောကမှာ ရပ်တည်လာခဲ့တဲ့ သူရိယက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်လွန်းတဲ့ သူရိယက မိန်းကလေးတွေရဲ့အသည်းကျော်တစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူရိယက မင်းသားနေတိုး၊ မင်းသား တိုင်ရွန်၊ မင်းသမီးနေခြည်ဦးတို့နဲ့အတူ “အခမ်းနားဆုံး မေတ္တာ” ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အခုလည်း ပျော်ပျော်နေတတ်တဲ့ သူရိယက တစ်ချိန်က စိန်ဘယက်ကြော်ငြာရိုက်ကူးခဲ့စဉ်က သူတို့မောင်နှမလေးယောက်ရဲ့ ပုံလေးတွေကို ထုတ်ပြထားတာ တွေ့ရပါတယ်။ ဒီပုံလေးကတော့ သူရိယတို့မောင်နှမလေးယောက်က မင်းသမီး သက်မွန်မြင့်နဲ့အတူ ရိုက်ကူးခဲ့တဲ့ စိန်ဘယက်ကြော်ငြာပိုစတာလေးပဲ ဖြစ်ပါတယ်။

” မှတ်မိတယ်နော် စိန်ဘယက်တဲ့ ” ဆိုပြီး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ စိန်ဘယက်ကြော်ငြာလေးမှာ ပါဝင်ခဲ့တဲ့ သူရိယတို့မောင်နှမရဲ့ပုံလေးတွေလည်း ဖြစ်ပါတယ်။ ကလေးရုပ်လေးတွေ မပျောက်ဘဲ ကြီးပြင်းလာကြတဲ့ သူရိယတို့မောင်နှမလေးယောက်လုံးက အချောလေးတွေဖြစ်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူရိယတို့မောင်နှမတစ်စုရဲ့ငယ်ဘဝပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thu Riya