Home အနုပညာ ” နိုင်ငံခြားကျောင်းမှာတက်ပေမယ့် မြန်မာစာကို ဆုရရှိခဲ့ လို့ သားလေးအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ဖေဖေRဇာနည် “

” နိုင်ငံခြားကျောင်းမှာတက်ပေမယ့် မြန်မာစာကို ဆုရရှိခဲ့ လို့ သားလေးအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ဖေဖေRဇာနည် “

643
0

အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်အာဇာနည်ကတော့ ပရိသတ်တွေအားပေးမှုအပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အားပေးမှုအပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့သီချင်းတွေကို အရွယ်စုံနှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

တစ်ချိန်ကအနုပညာလောကထဲကပဲ ဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဇနီးချောလေးဝမ်းကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သား​ချော​လေးနှစ်​​ယောက်​ရယ်​နဲ့အတူ ​ပျော်​စရာ​ကောင်းတဲ့ မိသားစုဘဝ​လေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

Rဇာနည်​နဲ့ ဝမ်းတို့ဇနီး​မောင်​နှံနှစ်​ဦးက​တော့ သာယာပျော်ရွှင်ဖွယ် အိမ်​​ထောင်​​ရေးကိုတစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​ရှိရှိနဲ့ တည်​​ဆောက်​ထားတာဆိုရင်ဖြင့်အိမ်ထောင်သက်တမ်းဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကသူတို့နှစ်ဦးကိုချစ်ခင်အားပေးကြတဲ့အပြင် ချစ်စရာကောင်းတဲ့သားလေးတွေကို သည်းသည်းလှုပ်အားပေးကြတာပဲ ဖြစ်ပါတယ်။လတ်တလောမှာ​တော့ Rဇာနည်​က အရမ်းကိုချစ်​စရာ​ကောင်းတဲ့ သားအကြီး​လေး ဖစ်ဖစ်တုန်ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။

International School တက်ရောက်နေတာဖြစ်ပေမယ့် ဆုတွေအများကြီးထဲကမှ မြန်မာစာဆုကိုရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ကျောင်းမှာတက်တဲ့ကလေးတော်တော်များများက မြန်မာစာအညးနည်းကြပေမယ့် ဖစ်ဖစ်လေးကတော့ ဆုပါရရှိခဲ့တာမို့ Rကြီးကတော့ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။

” ဆုတွေတော့ အများကြီးပေးပါတယ်။မြန်မာစာ ၊သင်္ချာ၊အင်္ဂလိပ်၊Science ၊Teamwork ၊Network values၊Topic ၊Art၊Music ၊PE အဲ့ထဲကမှ မြန်မာစာ နဲ့ ဆုရတာပါ။I love you သားကြီး Nyanphone Zarni ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတိတွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးလည်း ဖစ်ဖစ်တုန်လေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။