Home အနုပညာ “ပရိသတ်တွေက သူမရဲ့နာမည်ကို တက်တူးထိုးရလောက်အောင် အချစ်ခံနေရတဲ့ ရေဝတီလေး”

“ပရိသတ်တွေက သူမရဲ့နာမည်ကို တက်တူးထိုးရလောက်အောင် အချစ်ခံနေရတဲ့ ရေဝတီလေး”

291
0

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝမင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူ လေးပြီး ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ်ရိုက်ကူးတတ်တာဟာ သူမရဲ့ ပုံစံပါပဲနော်။သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။

Fanတွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားရတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လောက်တောင်ကံကောင်းလဲဆို သူမနာမည်ကို တက်တူးတိုးထားတဲ့Fan တွေကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရေဝတီလေးကို အားပေးကြမ်းချက်က အံ့ သြစရာပါပဲနော် ။ တစ်ယောက်ထဲ မဟုတ်ဘဲ ပုံစံအမျိုးမျိုးနဲ့ နာမည်အလှလေးတွေကိုဖော်ပြထားတာပဲ ဖြစ်ပါတယ်။ သူမFanလေးတွေရဲ့အချစ်တွေကြောင့် ပျော်ရွှင်စွာဂုဏ်ယူနေပြီး မင်းFan ထက် ငါ့fanပိုမိုက်တယ်ဆိုတဲ့စာသားလေးနဲ့တောင် သူမ fanလေးတွေရဲ့ တက်တူး ဓာတ်ပုံလေးတွေကိုတင်ထားတာပဲ ဖြစ်ပါတယ်။”

သူတို့ရဲ့အချစ်တွေကို အမျိုးမျိုးပုံဖော်တတ်ကျတယ်။ ကိုယ်နဲ့ဘာမှ မပတ်သတ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို သေရာပါမယ့် အမှတ်သားတစ်ခုအဖြစ် ရေးသွင်းနိုင်တဲ့ သူတို့ရဲ့အချစ်ကိုလည်းလေးစားတယ် ။ဟှောင့် ငါ့ဖန်က မင်းဖန်ထက် ပိုမိုက်တယ် ဟှောင့် ငါ့ fan ပိုဂေါ်တယ် ။” ဆိုပြီးသူမလူမှုကွန်ရက်စာမျက်နှာမှာ ဂုဏ်ယူစွာပုံလေးတွေနဲ့ တကွ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်အနေနဲ့ အချစ်ခံရတဲ့ စန်းဆိုတာ လုပ်ယူလို့ရတာမဟုတ်ပါဘူးနော်။ ပရိသတ်ကြီးရော နန်းနန်းရဲ့ ပရိသတ်လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။