Home အနုပညာ တရားအားထုတ်ရမယ့်အရွယ်မှာ ပင်ပန်းစွာရှာဖွေစားသောက်နေရတဲ့ အဘိုးအဘွားတွေကိုကြည့်ပြီး တရားရခဲ့တယ်ဆိုတဲ့ ပိုပို

တရားအားထုတ်ရမယ့်အရွယ်မှာ ပင်ပန်းစွာရှာဖွေစားသောက်နေရတဲ့ အဘိုးအဘွားတွေကိုကြည့်ပြီး တရားရခဲ့တယ်ဆိုတဲ့ ပိုပို

80
0

ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပိုပိုရဲ့ သီချင်းလေးတွေက ပရိသတ်တွေကြားမှာ တော်တော်လေးပေါက်ပြီး အောင်မြင်တာကြောင့် ပိုပိုက တစ်နေ့တစ်ခြား လူသိများ အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ ပိုပိုက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပိုပိုက လတ်တလောမှာတော့ လူမှုကွန်ယက်ပေါ်မှာ ခေတ်စားနေတဲ့ ဈေးသည်အဖွားအိုနဲ့ ပက်သတ်ပြီး သူမခံစားရသမျှကို အခုလိုပဲ ပြောပြထားပါတယ်။ “ကျမ မှားတာလဲ ဖြစ်မှာပါ။ ကျမ တွေ့ရသလောက် ပေါ့နော်။ မြန်မာနိုင်ငံမှာ လူတစ်ချို့က အသက်ကြီးနေပြီ။ အလုပ်တွေလုပ် ဆင်းရဲပင်ပန်းနေကြရတယ်။ အကယ်လို့ တရားစခန်း ဝင်ပြီး အသေဖြောင့်ဖို့ တရားအားထုတ်ဖို့ အချိန်ရောက်နေပါပြီ။ (ကိုယ့်အိမ်မှာ ကိုယ်မပြုစုရင် ဒုက္ခ ရောက်မဲ့ မိဘ က စွန့်ပစ်ခဲ့တဲ့ ကလေး သူငယ် လူနာ ဒုက္ခိတ မရှိရင် တရားစခန်းမှာ တရားအားထုတ်သင့်ပါပြီ)”

“တရားစခန်းမှာ အစားလဲကျွေး တရားလဲပေးပါတယ်။ တရားအားထုတ်ရင် ကုသိုလ်တွေနဲ့ သေသွားမယ်။ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲ။ လမ်းမှာ တောင်းစားနေတဲ့ အဘိုးအဘွားတွေတွေ့ရင် တရားစခန်းတို့ တချို့ ဆည်းဆာရိပ်တို့ သန်လျင် သဘာဝစခန်းတို့ကိုသာ ကားငှားပို့လိုက်တာ ကုသိုလ် ပိုရမယ် ထင်တာပါပဲ။”


“(ငယ်ငယ်ကတော့ သိပ်သနားပြီး ပေးကမ်း စွန့်ကြဲခဲ့ဖူးတယ် ဒီ နှစ်ပိုင်းမှာ ကိုယ်တိုင်တရားစခန်းတွေ ဝင်မှ သိနားလည်လာတာ) လူတွေက တဏှာတွေ မပြတ်နိုင်သေးကြလို့ လူ့လောက ထဲ နေနေကြတာပဲ 🤔 (မှားတာရှိရင်ခွင့်လွှတ်ပါ)” ဆိုပြီး သူမခံစားရတာကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။

ပိုပိုကတော့ လူငယ်တစ်ဦးဖြစ်ပေမယ့် အလှူအတန်းတွေကို ပြုလုပ်လေ့ရှိပြီး ဘာသာရေးကို အလွန်လိုက်စားသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပိုပိုပြောတာကို ဘယ်လိုသဘောရပါသလဲ?

Credit-Momolay