Home အနုပညာ Project K အဖွဲ့သားတွေကို ရုပ်တည်ကြီးနဲ့ စနောက်ခဲ့တဲ့ နေခြည်ဦး

Project K အဖွဲ့သားတွေကို ရုပ်တည်ကြီးနဲ့ စနောက်ခဲ့တဲ့ နေခြည်ဦး

227
0

ပရိသတ်တွေချစ်ကြတဲ့ Blogger မလေး နေခြည်ဦးက သူမရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင် ဝါရင့် နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူတူ ရုပ်ရှင်တွေ ရိုက်ကူးနေပြီး အနုပညာလောကမှ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီဖြစ်ပြီး သူမကို အားပေးတဲ့ ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို မအားမလပ်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ နေခြည်ဦးက မနေ့က ဇွန်လ(၁၂) ရက်နေ့က Project K အဖွဲ့သားတွေနဲ့အတူတူ Hearty Heart Cosmetics အတွက် ကြော်ငြာရိုက်ကူးခဲ့ပါတယ်။

နေခြည်ဦးက Project K နဲ့ ကြော်ငြာရိုက်ရင်း project K အဖွဲ့သားတွေကို ကြောက်လန့်အောင် စနောက်ခဲ့တဲ့ ဗီဒီယိုလေးကို သူမရဲ့ Story မှာ မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Projet K အဖွဲ့သားတွေကို ကြောက်လန့်အောင် ခြောက်လန့်ခဲ့တဲ့ နေခြည်ဦး


ပျော်ပျော်နေတတ်တဲ့ နေခြည်ဦးနဲ့ Project K အဖွဲ့သားတွေကတော့ အခုလို ရိုက်ကူးရေး အတူတူ လုပ်တာမြင်ရတော့ ပျော်စရာကြီးနေမှာပဲနော်။ နေခြည်ဦးနဲ့ Project K တို့ ရိုက်ကူးထားတဲ့ ဒီကြော်ငြာလေး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိုမိုလေး