Home အနုပညာ ဇာတ်ပို့ ဇာတ်ရံ ပိုက်ဆံလေးနဲ့ သားကြီး ကို ဆရာဝန် ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရတဲ့ သရုပ်ဆောင် သန်းသန်းဆင့်

ဇာတ်ပို့ ဇာတ်ရံ ပိုက်ဆံလေးနဲ့ သားကြီး ကို ဆရာဝန် ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရတဲ့ သရုပ်ဆောင် သန်းသန်းဆင့်

3619
0

ပရိသတ်ကြီးရေ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ ဘဝကတော့ ခက်ခက်ကြမ်းတန်းလွန်းတာ သိပြီးသားဖြစ်မှာပါ။ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ဝါသနာအရရော ဝမ်းစာ အရပါ အနုပညာလုပ်ငန်းကို လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ ထိုအထဲမှာတော့ ဒေါ်သန်းသန်းဆင့် တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ ဒေါ်သန်းသန်းဆင့်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။

ဒေါ်သန်းသန်းဆင့် ကတော့ သားနှစ်ယောက်ရှိပြီး သားကြီးကို ဇာတ်ပို့ ဇာတ်ရံ ဝင်ငွေလေးနဲ့ ဆရာဝန်ကြီးဖြစ်အောင် ကျောင်းထားပေးနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေပါတယ်။ ဒေါ်သန်းသန်းဆင့်က “”ဇာတ်ပို့၊ ဇာတ်ရန် ပိုက်ဆံလေးနဲ့ သားကြီး ကို ဆရာဝန် ဖြစ်အောင် ခက်ခက်ခဲခဲ ထောက်ပံ့ပေးခဲ့တယ်။ အဲ့ပီတိက ဘာနဲ့မှ နှိုင်းလို့ မရပါဘူး” လို့ မိသားစု လျှို့ဝှက်ချက် ကို ပရိသတ်ဆီ ပြောလာခဲ့ပါတယ်။

ဒေါ်သန်းသန်းဆင့်ကတော့ သားကြီးကို ဆေးကျောင်းထားချိန်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပြောပြလာပါသေးတယ်။ပရိသတ်ကြီးအတွက် ဒေါ်သန်းသန်းဆင့်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဗီဒီယိုဖိုင်လေးကို သဘောကျရင် Share ပေးကြပါဦးနော်။

Video ကြည့်ရန်

Video Source : Myanmar Celebrity