Home အနုပညာ မမ မေတိုးခိုင်နဲ့ပြိုင် TikTokဆော့ထားတဲ့ ပြေသုဒါလေးရဲ့ ဗီဒီယို

မမ မေတိုးခိုင်နဲ့ပြိုင် TikTokဆော့ထားတဲ့ ပြေသုဒါလေးရဲ့ ဗီဒီယို

2256
0

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင်က အဒေါ်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်ပြီး အိန္ဒြာကျော်ဇင်လိုပဲ လူချစ်လူခင် များပြားလှသူပါ။ ပရိသတ်တွေ ချစ်ကြတဲ့ မေတိုးခိုင်က လက်ရှိမှာ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့သူလေးဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့တဲ့ မေတိုးခိုင်ကတော့ လတ်တလောမှာလည်း ညီမဖြစ်သူ ပြေသုဒါနဲ့ ဆော့ကစားထားတဲ့ TikTok video file လေးတွေကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်အသံထွက်တွေကို တစ်ခွန်းမကျန် ပီပီပြင်ပြင်နဲ့ အသံထွက်မှန်အောင် ဆော့ကစားထားခဲ့တဲ့ ပြေသုဒါရဲ့ TikTok video file လေးတွေဟာဆိုရင် အရမ်းကို ချစ်စရာကောင်းလွန်းနေတာကြောင့် မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ညီအစ်မနှစ်ယောက် အပြိုင်ဆော့ထားတဲ့ TikTok video file လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

မမ မေတိုးခိုင်နဲ့ပြိုင်ဆော့ထားတဲ့ ပြေသုဒါလေးရဲ့ TikTok video


မမ မေတိုးခိုင်နဲ့ပြိုင်ဆော့ထားတဲ့ ပြေသုဒါလေးရဲ့ TikTok video

အင်္ဂလိပ်စကားပြောတွေကို တစ်ခွန်းမကျန်လိုက်ပြောရင်း ဟန်ချက်ညီညီ သရုပ်ဆောင်ထားတဲ့ ပြေသုဒါလေးရဲ့ TikTok video

အစ်မဖြစ်သူ မေတိုးခိုင်နဲ့ပြိုင် TikTok ဆော့ထားတဲ့ ပြေသုဒါရဲ့ ဗီဒီယိုဖိုင်လေးတွေကို ကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အသက် ၇ နှစ်ကျော်သာရှိသေးပေမယ့်လည်း အင်္ဂလိပ်စကားပြောတွေကို ပီပီပြင်ပြင်လိုက်ပြောရင်း သရုပ်ဆောင်တတ်နေပြီဖြစ်တဲ့ ပြေသုဒါလေးကိုချစ်ရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay