Home အနုပညာ “မောင်လေးက ကင်မရာရှေ့မထိုင်ချင်ဘူးဆိုတော့ အနုပညာဘက်မှာ ဝါသနာမပါဘူးထင်တယ်လို့ ဆိုလာတဲ့ ဆိုင်းမိုင် “

“မောင်လေးက ကင်မရာရှေ့မထိုင်ချင်ဘူးဆိုတော့ အနုပညာဘက်မှာ ဝါသနာမပါဘူးထင်တယ်လို့ ဆိုလာတဲ့ ဆိုင်းမိုင် “

130
0

ပိုးကြာဖြူခင်ကတော့ MRTV 4 ဇာတ်လမ်းတွဲမင်းသမီးတစ်ဦးဖြစ်ပြီး ” မိုးကောင်းကင်အိမ်မက်” ရဲ့ ဇာတ်လမ်းတွဲ မှာဆိုင်းမိုင်အဖြစ် လူသိများလာပြီး ပုရိသတွေအသည်းစွဲ ဖြစ်လာတဲ့မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမရဲ့မြန်မာဆန်ဆန်အလှလေးနဲ့ ပုရိသတွေကြားမှာ ရေပန်းစားနေပြီး မြန်မာဆန်တဲ့ မိန်းကလေးမျိုးကိုကြိုက်တဲ့ အမျိုးသားထု ကြီးအတွက် ရိုးရိုးလေးနဲ့ လှတဲ့ အလှမှာ မကျရှုံးဖူးတဲ့ အမျိုးသားကတော့ မရှိသလောက်ကို နည်းမယ် ထင်ပါတယ်နော်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေးလေ့ရှိပါတယ်။

” ကြယ်ကလေးရဲ့ကောင်းကင် ” ဇာတ်လမ်းတွဲမှာ အချစ်ရောဒရမ်မာရောပါတဲ့ရသစုံပါတဲ့ဇာတ်လမ်းကိုပရိသတ်တွေကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်ဇာတ်လမ်းတွဲတွေလည်းရိုက်ဖို့ရှိသေးတယ်လို့သိရပါတယ်။ သီချင်းတွေထွက်ဖို့လည်းလုပ်နေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာတော့ သူမမောင်လေးဆယ်တန်းအောင်တဲ့အတွက် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။”မောင်လေးက ငယ်ငယ်လေးတည်းကဥာဏ်ကောင်းတယ် ကြိုးစားချင်စိတ်သိပ်မရှိပေမယ့် ဘာလုပ်လုပ်အောင်မြင်တော့ ကံကောင်းတယ်လို့ပြောရမယ်။ သူ့အတွက်ကအရာရာကလွယ်ကူနေတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ကလေးကိုအောင်မြင်စေချင်တယ် ။ လိမ္မ္မာစေချင်တယ်။ ကိုးတန်းဆယ်တန်းထဲက ဘော်ဒါထားခဲ့ရတော့ သိပ်မဆုံးမဖြစ်ဘူး။ ဆုံးမဖို့ပျက်ကွက်ခဲ့တာတွေလည်း ရှိတယ်။ ဆယ်တန်းအောင်လို့ မီဒီယာတွေက အင်တာဗျူးချင်တာတောင် ကင်မရာရှေ့မထိုင်ချင်ဘူးဆိုတော့ သူဝါသနာမပါဘူးလို့ပဲ ထင်ပါတယ်။ သူငယ်ချင်းအရမ်းမင်တဲ့အတွက် သူ့က်ုနည်းနည်းတော့ထိန်းရတယ်။ ဆုံးမ ရတယ်။ “လို့ပြောပြခဲ့ပါတယ်။သူ့မောင်လေးဝါသနာပါရာကိုလျှောက်လှမ်းခိုင်းမယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးရော ဆိုင်းမိုင်နဲ့ ဆိုင်းမိုင်မောင်လေးကိုချစ်ရင် တစ်ခုခု မှတ်ချက်ပေးခဲ့ပါဦးနော်။