Home အနုပညာ သဘာဝကျလွန်းတဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း အနားယူအပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

သဘာဝကျလွန်းတဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း အနားယူအပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

72
0

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးဆိုရင်လည်း မမှားပါဘူး​။ လတ်​တ​လောမှာ​တော့ သင်​ဇာလေးက သဘာဝဆန်လွန်းတဲ့ ဖူးခက်ကမ်းခြေမှာ ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို တစ်လောကလုံး လှုပ်ခတ်သွားအောင် လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပါ။

ချစ်ပရိသတ်တွေအတွက် ရေကူးကန်ထဲမှ ရေကူးနေတဲ့ ပုံရိပ်လေးတွေနဲ့ ပုရိသတွေကို ဗြောင်းဆန်သွားအောင် လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ချစ်စရာပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာလေးကတော့ ” 😇 Doing what you like is freedom . Liking what you do is happiness 😇 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း လွတ်လပ်မှုကို အပြည့်အဝခံစားနေတဲ့ သင်ဇာရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

အနုပညာသမား​ကောင်း တစ်​ဦးဖြစ်​တဲ့ သင်​ဇာ​လေးက​တော့ အခက်​အခဲ​တွေကို မမှုပဲ သူမချစ်​တဲ့ အနုပညာကိုသာ အ​ကောင်းဆုံး​နဲ့ တာဝန်​အ​ကျေဆုံး ပုံ​ဖော်​​နေတာပဲ ဖြစ်​ပါတယ်​။

အရမ်းမိုက်တဲ့ body ကို ပိုင်ဆိုင်ထားတဲ့ သင်ဇာလေးကတော့ တစ်နေ့တစ်ခြားကို လှလာတာပါနော်။

သာယာလှပလွန်းတဲ့ နေရာလေးမှာ အနားယူအပန်းဖြေနေတဲ့ သင်ဇာလေးက ချစ်ဖို့ကောင်းလိုက်တာနော်။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း တစ်ခါတစ်လေမှာ အားလုံးနဲ့ဆန့်ကျင်ပြီးနေရတာ သဘောကျတယ်ဆိုတဲ့ သင်​ဇာ​ဝင့်ကျော်ရဲ့ ရေကူးကန်ထဲမှာ ရိုက်ကူးထားတဲ့ အလှကြီးလှနေတဲ့ အလန်းစား ပုံရိပ်လေးကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်မိတယ်ဆိုရင်မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

Credit-Momolay