Home အနုပညာ ” Win’s Shooow Time မှာ အဝင်းနဲ့အတူတွဲမြင်ရမယ့် ပန်းရောင်ခြယ်”

” Win’s Shooow Time မှာ အဝင်းနဲ့အတူတွဲမြင်ရမယ့် ပန်းရောင်ခြယ်”

109
0

ပန်းရောင်ခြယ်လေးကတော့ နိုင်ငံကျော်အဆိုရှင် ဂရေဟမ်ရဲ့သမီးလေးပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းပြီးချိုသာတဲ့အသံပိုင်ရှင်ရရေဟမ် သမီးဆိုတဲ့အတိုင်း ပန်းရောင်ခြယ်ဟာ အဖေ့ခြေရာကိုနင်းနိုင်တဲ့သမီးလေးတစ်ဦးပဲ ဖြစ်ပါတယ်။ စူးရှတဲ့အသံလေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးအပြင် မြန်မာဆန်လှတဲ့ ဆံကေသာအရှည်ကြီးကို ထိန်းသိမ်းပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မျက်နှာပေါက်လေးကတော့ထူးခြားပေါ်လွင်တဲ့မျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားပြီးအနုပညာဘက်မှာလည်းထူးချွန်တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထဲ မြန်မာနိုင်ငံက လူငယ် ယောကျာ်းထု ကြီးက ဂရေဟမ်ကို ယောက္ခမလို့စကြရတဲ့အထိ အားပေးဝန်းရံပေးကြတဲ့သူတွေများလွန်းတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပန်းရောင်လေးက Win’s Shooow Time မှာပါဝင်ထားတယ်လို့သိရပါတယ်။ Win’s Shooow Time ရဲ့episode အသစ်မှာ Guest အဖြစ်ပါဝင်ထားတယ်လို့သိရပါတယ်။ွောန တွေလည်းဆော့ခဲ့တဲ့ အပြင် တစ်ခါမှမဆိုရသေးတဲ့ သီချင်းအသစ်ကိုဆိုလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။” လာမယ့် စနေနေ့ည မှာ ပြသမယ့် Win’s Shooow Time ရဲ့ episode အသစ်မှာ ပန်းရောင် guest အနေနဲ့ပါဝင်ထားပါတယ်။ Games တွေလဲဆော့ခဲ့သလို ပန်းရောင်တစ်ခါမှ မဆိုပြဖူးသေးတဲ့ သီချင်းတစ်ပုဒ်နဲ့လဲ live သီဆိုဖျော်ဖြေခဲ့ပါတယ်။

စနေနေ့ည ၈ နာရီ Win’s Shooow Time ကို facebook page နဲ့ MNTV channel တို့မှာ စောင်ကြည့်နိုင်ပါတယ်။ ” ဆိုပြီး သူမရဲ့ချစ်ပရိသတ်တွေကိုအသိပေးထားတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးရတဲ့ အဝင်းနဲ့ အမျိုးသားပရိသတ်တွေ ဝန်းရံအားပေးကြတဲ့ပန်းရောင်ခြယ် တို့နှစ်ယောက်လုံးပါဝင်ထားတာမို့ ပရိသတ်တွေစိတ်ဝင်တစား အားပေးကြမှာ အမှန်ပါပဲနော်။ ပရိသတ်ကြီးရော အဝင်းနဲ့ ပန်းရောင်ခြယ်လေးကို အားပေးရင် မှတ်ချက်တစ်ခုခုပေးသွားပါဦးနော်။