Home အနုပညာ ၀ါသနာရှင် အဆိုတော်များကို ပင်းတယမြို့မှာ စတင်လို့ ရွေးချယ်နေပြီဖြစ်တဲ့ Myanmar Idol Season (4)”

ဝါသနာရှင် အဆိုတော်များကို ပင်းတယမြို့မှာ စတင်လို့ ရွေးချယ်နေပြီဖြစ်တဲ့ Myanmar Idol Season (4)”

235
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးဟာ အောင်မြင်တဲ့အဆိုရှင်တွေကိုမွေးထုတ်ပေးတဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဆင့်အတန်းမရွေး လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်လို့ရပြီး အကောင်းဆုံးရွက်ပုန်းသီးအဆိုတော်များကိုမွေးထုတ်ပေးနေတဲ့ သီချင်းဆိုပြိုင်ပွဲကြီးဆိုလည်းမမှားပါဘူးနော်။ မြန်မာတစ်နိုင်ငံလုံး နယ်ပယ်အသီးသီးက လူကြီးလူငယ်မရွေး စောင့်ကြည့်အားပေးကြတဲ့အဆိုပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်လာတာနဲ့အမျှ ပရိသတ်တွေလည်းဇာတ်ရှိန်တက်ပြီး စိတ်ဝင်စားကြရတဲ့အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

မကြယသေးမီက Myanmar Idol Seasonတိုင်းတွင် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အန်ကယ်လ် ဦးသိန်းတန် မပါဝင်ဖြစ်တော့တာဘဲ ဒိုင်မပြောင်းအလဲဖြစ်သွားခြင်းနဲ့ ပတ်သတ်ပြီး ဝေဖန်ခံရမှုများလည်းရှိနေပါတယ်း ။ Season-2 ထဲက ဦးသိန်းတန်ကြောင့် ပြိုင်ပွဲကြီးဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုပိုမြင့်လာခဲ့တာဆိုလည်း မမှားပါဘူးနော်။ အခု Myanmar Idol Season-4 မှာ အကဲဖြတ်ဒိုင်အဖြစ်မပါဝင်တော့တာကို ပရိသတ်တွေ ထင်ကြေးအမျိုးမျိုးပေးပြီးဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Myanmar Idol Season-4 ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင်များကို ပင်းတယမြို့တွင် ပဏာမအသံစစ်ဆေးမှုများစတင်နေပြီဖြစ်ပါပြီး။Cele Gabar ပရိသတ်ကြီးလည်း Season-4မှာ ဘယ်သူတွေ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမလဲ ရင်ခုန်နေကြပြီလား ဖြေပေးသွားပါဦးနော်…..