Home အနုပညာ မကြာခင်ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်အသစ် ” Lover” ကို မိတ်ဆက်လိုက်တဲ့ Taylor Swift

မကြာခင်ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်အသစ် ” Lover” ကို မိတ်ဆက်လိုက်တဲ့ Taylor Swift

48
0

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift ဟာ သူမရဲ့ အသစ်ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်အကြောင်းကို သူမရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာ Live လွှင့်ရင်း မိတ်ဆက်သွားခဲ့ပါတယ်။ ဒါဟာ သူမရဲ့အယ်လ်ဘမ်ကို စောင့်မျှော်နေကြတဲ့ Swifties လေးတွေအတွက်တော့ ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

သူမရဲ့ အယ်လ်ဘမ်အသစ်ကိုတော့ “Lover” လို့ အမည်ပေးထားပြီး လာမယ့်သြဂုတ်လ ၂၃ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်တယ်လို့ Live ထဲမှာ ပြောကြားခဲ့ပြီး ကျက်သရေရှိလှတဲ့ အခွေကာဗာပုံလေးကိုလည်း ပရိသတ်တွေကို ပြသခဲ့ပါတယ်။

Taylor Swift ရဲ့ အယ်လ်ဘမ်အသစ် ” Lover ” မှာတော့ သီချင်းပေါင်း ၁၈ပုဒ်အထိ ပါဝင်မှာ ဖြစ်ပြီး ဒီအတောအတွင်းမှာ သူမအနေနဲ့ ဘယ်လောက်အထိ ကြိုးစားထားသလဲဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ ယနေ့မှာလည်း Taylor Swift က သူမရဲ့ အယ်ဘမ်အသစ်မှာ ပါဝင်မယ့် single သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ “You Need To Calm Down” ကို swifties လေးတွေနားဆင်ဖို့ lyrics video ဖြန့်ချိပေးခဲ့ပါတယ်။

Taylor Swift ရဲ့ အရင်ထွက်ရှိထားခဲ့တဲ့ ME! သီချင်းရဲ့ music video background မှာ “Lover” ဆိုတဲ့ စာတန်း ထည့်သွင်းထားခဲ့ပြီး အဆိုပါသီချင်းရဲ့ စာသားတွေထဲမှာလည်း “Lover” ဆိုတဲ့ စာသား ၂ကြိမ်တိုင်တိုင် ပါဝင်ခဲ့တာကြောင့် Taylor Swift ရဲ့ အမာခံ Swifties လေးတွေကတော့ သူမရဲ့ အယ်လ်ဘမ်အသစ်ရဲ့အမည် ” Lover ” ဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်ထားကြတာပါ။ တကယ်တမ်း ကြေငြာခဲ့တဲ့ အချိန်မှာလည်း Swifties လေးတွေ ခန့်မှန်းထားတာနဲ့ ထပ်တူကျခဲ့ပါတယ်။

ဒါ့အပြင် Taylor Swift ရဲ့ အယ်လ်ဘမ်အသစ် ထွက်ရှိမယ့် ရက်ကလည်း စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Taylor Swiftရဲ့ ကံကောင်းစေတဲ့ နံပါတ်ဟာ ၁၃ဖြစ်ပြီး အယ်လ်ဘမ်အသစ်ထွက်ရှိမယ့် ၂၃ရက် ၈လ ၊ နံပါတ်တွေကို ပေါင်းကြည့်လိုက်မယ်ဆိုရင် ၂+၃+၈=၁၃ အတိအကျ ရနေတာ ကြောင့်ပါ။ Taylor Swift ကတော့ သူမရဲ့ သီချင်းသစ်တပုဒ်ဖြစ်တဲ့ “You Need To Calm Down” ရဲ့ music video ကိုလည်း လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဖြန့်ချိသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

Taylor Swift – You Need To Calm Down (Lyric Video)


Swifties လေးတွေနားဆင်နိုင်ဖို့အတွက် Taylor Swift ရဲ့ single သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ You Need To Calm Down ကို ဖော်ပြပေးလိုက်ရပါတယ်…။

Credit-Momolay