Home အနုပညာ ဆက်ဆီမော်ဒယ်မို့လို့ ဘဲနဲ့ပြတ်ရင်တောင်ဝမ်းသာကြမှာဆိုတဲ့ ဇာဇာထက်

ဆက်ဆီမော်ဒယ်မို့လို့ ဘဲနဲ့ပြတ်ရင်တောင်ဝမ်းသာကြမှာဆိုတဲ့ ဇာဇာထက်

164
0

ဇာဇာထက်ဟာ ဆက်ဆီမော်ဒယ်အဖြစ်ရပ်တည်လာတာနှစ်အတန်ကြာပြီဖြစ်ပြီး သူ့ field ထဲမှာသူအောင်မြင်ကျော်ကြားပြီး professional ကျကျရပ်တည်နေသူတစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဇာဇာထက်က မကြာသေးမီက ကျော်ကျော်နန္ဒနဲ့ MTV မှာ အကြမ်းစားသရုပ်ဆောင်ပေးထားမှုကြောင့်ချစ်သူနဲ့လည်းရန်ဖြစ်ပြီး ပြတ်စဲသွားပြီးမှ ပြန်အဆင်ပြေထားသူပါ။ ပရိသတ်တွေရဲ့အားပေးမှုနဲ့ပဲ ဝေဖန်မှုတွေကြား ကြံ့ကြံ့ခံရပ်တည်နေဆဲဖြစ်တဲ့ ဇာဇာထက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အချစ်ရေးအခြေအနေတွေအကြောင်းပြောပြသွားပါတယ်။

ဇာဇာထက်က လတ်လောအနုပညာလှုပ်ရှားမှုအကြောင်းကို “လတ်တလောလှုပ်ရှားမှုကတော့ Gym နဲ့ ပတ်သက်ပြီးတော့ သေချာလုပ်နေတယ်။ နောက်ပြီးတော့ Gym ကြော်ငြာပေါ့။ ဆေးတစ်ခုအတွက်အစ်မ ရိုက်ဖို့ရှိတယ်။ အဲဒါကို စမ်းသောက်ကြည့်ပြီးတော့ တစ်လလောက်နေရင်အစ်မရိုက်မယ်ပေါ့။ အခုတော့ အစ်မ Tester စမ်းနေတုန်းပါပဲ။ ယိုးဒယားကသွင်းတဲ့ဟာတစ်ခုကို company တစ်ခုက invite လုပ်ထားတာပေါ့နော်။ အဲဒါစမ်းသောက်တာ နှစ်ရက်လောက်တော့ရှိပြီ ဘာထူးခြားလဲပေါ့။စမ်းသောက်ပြီးအဆင်ပြေတယ်ဆိုမှ အစ်မတို့ရိုက်ကြမယ်ပေါ့”လို့ ပြောပြထားပါတယ်။

J Lo လို ကြီးမိုက်ကြီးဖြစ်ချင်တာလို့လည်း ဇာဇာထက်က “အမိုက်စားဘော်ဒီနဲ့နောက်တစ်ကျော့ထပ်လုပ်ဖို့ရှိတယ်ပေါ့နော်။ ဥပမာ J Lo လိုပေါ့။ ကြီးမိုက်ကြီးပေါ့။ကြီးလေမိုက်လေပေါ့။အဲလိုမျိုးဖြစ်ချင်ပါတယ်လို့”လို့ ရယ်မောရင်းပြောထားပါသေးတယ်။ဇာဇာထက်က ပရိသတ်တွေသိချင်နေကြတဲ့အချစ်ရေးအကြောင်းကိုလည်း “အချစ်ရေးကတော့ ပြေလည်တယ်လည်းမဟုတ်ဘူး။ မပြေလည်ဘူးလည်းမဟုတ်ဘူးပေါ့နော်။ မပြေလည်ပြေလည်အောင်တော့ထုံးနေတာပေါ့။ ဆက်ထုံးတွေကအရမ်းများနေပြီ”လို့ ပြောပြထားပါတယ်။

ချစ်သူနဲ့ပြတ်ရင်တောင် ဆက်ဆီမော်ဒယ်မို့လို့ပြတ်တာလို့ အပြောခံရဦးမယ်လို့လည်း “မပြေလည်ဘူးပြလို့ရှိရင် သူများဝမ်းသာမှာစိုးလို့ ပြတ်သွားတယ်ဆိုရင်တောင်စာတွေတောင်မှ ဖီးလ်တာတွေသိပ်မရေးဖြစ်တော့ဘူးပေါ့။ ဘာလို့ဆိုတော့ ပြတ်သွားတယ်ဆိုရင်တောင် တိတ်တိတ်ဆိတ်ဆိတ်လေးပဲလမ်းခွဲမယ်ပေါ့။ သူများဝမ်းသာမှာစိုးလို့ ။လူတွေကမပြတ်ခင်တောင်ပြောနေကြတာ။ ပြတ်သွားပြီဆိုရင်လည်းအစ်မတင်ဖြစ်တော့မှာမဟုတ်ဘူးပေါ့။ ပြတ်သွားရင် ဟယ်ပြတ်မှာပေါ့ သူက ဆက်ဆီမော်ဒယ်ကိုလို့ မြေနိမ့်ရာလှံစိုက် ပြောချင်ကြဦးမှာပဲ။ အဲဒီစကားသံတွေကိုအစ်မ မခံနိုင်သေးဘူးပေါ့”လို့ ရင်ဖွင့်ထားပါတယ်။

ချစ်သူက ငယ်တော့သူ့ဘက်ကိုလည်းစဉ်းစားပေးရတယ်လို့ “သူ့ကိုဘယ်လိုလက်လွှတ်ရမလဲဆိုတာပဲအဆိုးဆုံးကိုပဲတွေးထားတယ်ပေါ့နော်။ သူနဲ့အစ်မနဲ့က ရည်းစားပဲဆိုတော့ သူကငယ်လည်းငယ်သေးတယ်ဆိုတော့ ကိုယ့်ထက်နှစ်တွေကြာတဲ့လူတွေ ငါးနှစ်ခြောက်နှစ်တွေတောင်ပြတ်ကြသေးတာပဲလေ။ သူလည်းသူ့အတွက်အခွင့်အလမ်းရှိရင်သွားမှာပေါ့။ အခုတော့ အစ်မလိုအမေလိုသူငယ်ချင်းလိုပဲနေပေးတယ်။ အရင်ကလောက်စိတ်မနှစ်တော့ဘူး။ကိုယ့်ကိုယ်ကိုယ်ပိုချစ်တယ်။ကိုယ့်ကို်ယ်ကိုယ်ပဲပိုလှအောင်နေတယ်”လို့ ဖြေကြားထားပါတယ်။ပရိသတ်ကြီးရော ဇာဇာထက်ကိုချစ်ကြလား။ ဇာဇာထက်ရဲ့အနုပညာတွေကိုရောအားပေးကြလား။ ဇာဇာထက်တစ်ယောက်လည်းချစ်သူနဲ့ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။