Home အနုပညာ ကျောင်းဆင်းသွားလို့ အပျော်လွန်ပြီး ပါလာတဲ့ရေဘူးနဲ့ လွယ်အိပ်ကို တရွဲတိုက်ဆွဲလာတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

ကျောင်းဆင်းသွားလို့ အပျော်လွန်ပြီး ပါလာတဲ့ရေဘူးနဲ့ လွယ်အိပ်ကို တရွဲတိုက်ဆွဲလာတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

3086
0

ချစ်သုဝေလို့ဆိုလိုက်တာနဲ့ ခေတ်လေးနဲ့သစ်လေးတို့ရဲ့ချစ်စရာမေမေဆိုတာလူတိုင်းသိကြပါတယ်။ သူမဟာကျရာဇာတ်ရုံကိုပီပြင်စွာသရုပ်ဆောင်နိုင်ရုံ၊ အဆိုကောင်းရုံတင်မဟုတ်ပဲ ပျော်ရွှင်သောမိသားစုလေးကိုပါအောင်မြင်စွာတည်ဆောက်ထားနိုင်သူလေးပါ။ မိသားစုကိုဖန်တီးနေသူများအတွက် လေးစားအားကျစရာမိသားစုလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

သူတို့ရဲ့ရင်သွေးလေးတွေဖြစ်တဲ့ခေတ်နဲ့သစ်ကလည်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေရဲ့ချစ်ခြင်းကိုအပြည့်ရထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေတို့ကလည်းအနုပညာလောကမှာအောင်မြင်နေတဲ့သူတွေပီပီချစ်ဖို့ကောင်းတဲ့သမီးလေးတွေပါပိုင်ဆိုင်ထားတာကြောင့်ပြီးပြည့်စုံသောနေ့ရက်လေးတွေဖြတ်သန်းနေတာဖြစ်ပါတယ်။သမီးလေးနှစ်ယောက်ကတော့ပရိသတ်တွေသာမကအနုပညာရှင်တွေကပါဝိုင်းပြီးချစ်နေရတာပါ။

အခုတစ်ခေါက်မှာလည်း ကျောင်းပြန်လာတဲ့ခေတ်နဲ့သစ်တို့ရဲ့ဗီဒီယိုလေးကို လင်းလင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ ” ဒီလိုကျောင်းဆင်းပြန်တာကြတော့ ကိုယ်နဲ့တစ်ပုံစံထဲ ဘာမှလွယ်စရာမလို ပါလာတဲ့ဟာဆွဲသွားရုံဘဲ ဟဲဟဲ ” ဆိုပြီးဝေမျှထားတာပဲဖြစ်ပြီး ကြည့်နေရင်းနဲ့အသည်းတွေယားပြီး အချစ်တွေတိုးစေမယ့် ခေတ်နဲ့သစ်တို့ရဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Htwe Lynn Ko