Home အနုပညာ ဖေဖေ မေမေတို့နဲ့ ညခင်းလမ်းလျှောက်ထွက်ရင်း အရမ်းကိုပျော်နေကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယို

ဖေဖေ မေမေတို့နဲ့ ညခင်းလမ်းလျှောက်ထွက်ရင်း အရမ်းကိုပျော်နေကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယို

583
0

အဆိုတော်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတွေကြောင့် အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​​​မေမေ ချစ်သုဝေက ခေတ်လေး၊ သစ်​​လေးတို့နဲ့အတူ နေပြည်တော်မှာ ညနေခင်းလမ်းလျှောက်ထွက်နေကြတဲ့ သူတို့မိသားစုတွေရဲ့ လှုပ်ရှားသွားလာမှုလေးတွေကို လူမှုကွန်​ယက်​မှာ live လွှင့်ပေးရင်း ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဖေဖေ မေမေတို့ထက်တောင် ခရီးသွားရတာ ပိုသဘောကျတဲ့ခေတ်လေးနဲ့သစ်လေးတို့ကတော့ နေပြည်တော်မှာ တော်တော်လေးကို ပျော်နေကြတာပါနော်။

ပရိသတ်တွေအတွက် နေပြည်တော်မှာ ဖေဖေ မေမေတို့နဲ့ ညနေခင်း လမ်းလျှောက်ထွက်ရင်း ပျော်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ live ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖေဖေ မေမေတို့နဲ့ ညခင်းလမ်းလျှောက်ထွက်ရင်း အရမ်းကိုပျော်နေကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ video

ဖေဖေ မေမေတို့နဲ့အတူ သီချင်းတွေဆိုရင်း အရမ်းကိုပျော်နေကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ live video

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီး​လေး​တွေရဲ့နာမည်​နဲ့လည်း ​ငွေ​ကြေးမတတ်​နိုင်​တဲ့ ကလးငယ်​​တွေရဲ့ကျန်းမာ​ရေးအတွက်​ ​ဖောင်​​ဒေးရှင်းတစ်​ခု တည်​​ထောင်​ထားပါ​သေးတယ်​​နော်​။ ပရိသတ်တွေလည်း အရမ်းချစ်​ဖို့​ကောင်းတဲ့ခေတ်နဲ့ သစ်လေးကိုချစ်​ရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။ မိုမိုလေး