Home အနုပညာ အနုပညာလောကကြီးတစ်ခုလုံးထိရှသွားအောင် စကားဆိုလိုက်တဲ့ လွင်မိုး

အနုပညာလောကကြီးတစ်ခုလုံးထိရှသွားအောင် စကားဆိုလိုက်တဲ့ လွင်မိုး

1585
0

ပရိသတ်ကြီးရေ ၊ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး လွင်မိုးဟာ အခုအချိန်ထိ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ လွင်မိုးက အခုချိန်မှာတော့ မိသားစုနဲ့အတူ အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာပါ ။

ခရီးတွေထွက်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ လွင်မိုးကတော့ မြန်မာ့အနုပညာလောကကြီး တစ်ခုလုံး ထိရှသွားစေမယ့် စကားတစ်ခွန်းဆိုလိုက်ပြီ ဖြစ်ပါတယ်။အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး လွင်မိုး က ၄င်း ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားပြောပြ ထားတာဖြစ်ပါတယ်။

လွင်မိုးက “တခွန်းတည်းပြောမယ် အနုပညာအလုပ်က သဘောထားကြီးမှ အောင်မြင်လိမ့်မယ်” ရေးသားထားတာဖြစ်ပါတယ် ။လက်ရှိမှာ ရုပ်ရှင်လောကမှာ ဂယက်ထနေတဲ့ တရုတ်ရုပ်ရှင် ရိုက်ကူးရေး ကိစ္စနဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့တဲ့ အနက်အမျိုးမျိုး ကောက်လို့ရတဲ့ လွင်မိုးရဲ့ စာအတွက် ပရိသတ်ကြီးက မှတ်ချက်ကနေ ထင်မြင်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Source – Lwin Moe