Home အနုပညာ ရန်ကုန်မြို့မှာ Line walker 2 ဇာတ်ကား ဇာတ်ဝင်ခန်းရိုက်ကူးဖို့ အစမ်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မြင်ကွင်းများ

ရန်ကုန်မြို့မှာ Line walker 2 ဇာတ်ကား ဇာတ်ဝင်ခန်းရိုက်ကူးဖို့ အစမ်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မြင်ကွင်းများ

952
0

ဟောင်​​ကောင်​ ရဲ့ နာမည်​​ကျော်​အက်​ရှင်​ဒရမ်​မာ ရုပ်​ရှင်​ဇာတ်​ကား Line Walker (Operation Midnight Shadow) ကို မြန်​မာနိုင်​ငံမှာ ဖေဖေါ်ဝါရီ ၁၅ ရက်​​နေ့က​နေ စတင်​ပြီး ၂၆ ရက်​​နေ့အထိ ရိုက်​ကူးသွားမှာ ဖြစ်ပါတယ်။ရန်​ကုန်​မြို့​လယ်ခေါင်​အပါအဝင်​ ရန်​ကုန်​မြို့​နေရာအ​တော်​အများမှာ ရိုက်​ကူးသွားမှာ ဖြစ်​ပြီး တကယ့်​​သေနတ်​အစစ်​​တွေ၊ ရဟတ်​ယဉ်​​တွေ၊ အထူးရဲ​တွေ အသုံးပြုပြီး ရိုက်​ကူးတင်​ဆက်​သွားမှာဖြစ်​ပါတယ်​။

ယနေ့မှာတော့ ကျောက်တံတားမြို့နယ်၊ ဘားလမ်းမှာ ဇာတ်ကားအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြပြီလည်းဖြစ်ပါတယ်။ ဒီကနေ့ကတော့ အစမ်းလေ့ကျင့်မှုသာဖြစ်ပြီး မနက်ဖြန်မှ ရိုက်ကူးမယ်လို့သိရပါတယ်။ အမြင့်ကနေခုန်ချဖို့ တစ်ခန်းထဲရိုက်ဖို့ကိုပြင်ဆင်လေ့ကျင့်နေကြတာလို့လဲသိရပါတယ်။

ပရိသတ်ကြီးအတွက် Line walker 2 ဇာတ်ကား ဇာတ်ဝင်ခန်းရိုက်ကူးဖို့ အစမ်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မြင်ကွင်းပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်ကိုဖော်ပြပေးလိုက်ပါတယ်နောင်္်။

Video ကြည့်ရန်

Source : Popular Journal