Home အနုပညာ နာမည်ကြီး Line Walker 2 ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိသွားတဲ့ အောင်မြင့်မြတ်

နာမည်ကြီး Line Walker 2 ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိသွားတဲ့ အောင်မြင့်မြတ်

537
0

ပရိသတ်ကြီးရေ ပရိသတ်တွေအားပေးကြတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ အောင်မြင့်မြတ်တစ်ယောက် နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ Line Walker2ပါဝင်သရုပ်ဆောင် မှာဖြစ်တယ် လို့ အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံကို ရှစ်ရက်တာလာရောက်ရိုက်ကူးမယ့် အဆိုပါဇာတ်လမ်းမှာ အောင်မြင့်မြတ်ကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တယ်လို့လည်းဆိုပါတယ်။

 

အောင်မြင့်မြတ်ကတော့ အဆိုပါဇာတ်လမ်းမှာသရုပ်ဆောင်ခွင့်ရရှိခဲ့တာနဲ့ပတ်သက်ပြီး KZ မီဒီယာ နဲ့ တွေ့ဆုံခန်းမှာ အခုလိုပြောပြခဲ့ပါတယ်။ အောင်မြင့်မြတ်က “လက်ရှိမှာ Casting အတွက် အရွေးချယ်ခံထားရကြောင်း Line Walker 2 ရုပ်ရှင်အဖွဲ့ က ဖုန်းဆက်အကြောင်းကြားထားပါတယ်။

 

(၁၈.၁၉.၂၀) ရက်နေ့တွေမှာ ဆူးလေမှာရိုက်ကူးမယ့် အခန်းတွေအတွက် သရုပ်ဆောင်ဖို့ အရွေးချယ်ခံထားရတာပါ။ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကိုတော့ အဖွဲ့နဲ့ အတူတိုင်ပင်ရဦးမှာဖြစ်တယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း အောင်မြင့်မြတ်အတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source- KZ Media