Home အနုပညာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုရီးယားအဆိုတော်ဖြစ်လာတော့မယ့် Key

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုရီးယားအဆိုတော်ဖြစ်လာတော့မယ့် Key

422
0

Galaxy Star အဆိုရှင်ဖြစ်သူ Key ကို မသိသူမရှိသလောက်ဖြစ်မှာပါ။ ယောကျာ်းပီသတဲ့ မျက်နှာပေါက်နဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလို Key ဟာ အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာခြေလှမ်းကို ခပ်သွက်သွက်ကလေးလျှောက်လှမ်းနေခဲ့တဲ့ Key ဟာ အခုဆိုရင်တော့ ကိုရီးယားဘာသာစကားနဲ့ သီချင်းထုတ်ဝေတော့မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာထွက်ရှိတော့မယ့် THE KEY အယ်လ်ဘမ်မှာ နာမည်ကျော်သီချင်းဖြစ်တဲ့ Holding Me Back သီချင်းကို ကိုရီးယားဘာသာစကားကော၊ အင်္ဂလိပ်ဘာသာစကားနဲ့ပါ ၂မျိုးထုတ်လုပ် သွားမှာဖြစ်ပါတယ်။Key ဟာ ကိုရီးယားထုတ်လုပ်သူနဲ့ အတူလက်တွဲအလုပ်လုပ်တဲ့ ပထမဆုံး မြန်မာအဆိုတော်ဖြစ်ပြီး ကိုရီးယားမှာ debut လုပ်မယ့် ပထမဆုံး မြန်မာအဆိုတော်လည်းဖြစ်ပါတယ်။

Key ရဲ့ ပထမဆုံးကိုရီးယားသီချင်းအတွက် နောက်ကွယ်မှ ထုတ်လုပ်သူများ

Composed by:​HEUKTAE, Choi Do-gwan ( Dax @ Grayground)
Arrangement:​Choi Do-gwan ( Dax @ Grayground )
Lyrics by:​EJAE
Mixed by:​DAX (@ Gray Ground )
Mastered by:​DAX (@ Gray Ground)

1004Entertainment မှထုတ်ဝေမှာဖြစ်ပြီး မြန်မာဘာသာစကားနဲ့လည်း အလွန်အောင်မြင်ခဲ့တဲ့သီချင်းဖြစ်တာကြောင့် ကိုရီးယားမှာလည်း အောင်မြင်စေဖို့ရာ စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးလိုက်ရပါတယ်။

KEY LASHI – HOLDING ME BACK MV


[A.M.N Big Concert] Key – Holding Me Back+ Sunday without You , DMC Festival 2018