Home အနုပညာ ချစ်သမီးလေးနှစ်ယောက်နဲ့အတူ ချစ်စရာအလှပုံလေးတွေရိုက်ကူးခဲ့တဲ့ မေမေချစ်သုဝေ

ချစ်သမီးလေးနှစ်ယောက်နဲ့အတူ ချစ်စရာအလှပုံလေးတွေရိုက်ကူးခဲ့တဲ့ မေမေချစ်သုဝေ

270
0

နိုင်ငံကျော် အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ ချစ်သုဝေတို့ ဇနီးမောင်နှံဟာဆိုရင် အိမ်ထောင်သက် ၅ နှစ်ကျော်ကြာခဲ့သည့်တိုင်အောင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ဘဝခရီးကို ရှေ့ဆက်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးဟာဆိုရင် ၂နှစ်ကျော်အရွယ် ချစ်စရာအမွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်ဖွယ်ရာ ကမ္ဘာလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ မိသားစုလေးနဲ့ ဘဝခရီးကို ရှေ့ဆက်လျှောက်လှမ်းနေကြတဲ့ သူတို့မိသားစုလေးကို အများက လေးစားအားကျနေခဲ့ကြရတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးတွေကြောင့် အများရဲ့ အားပေးချစ်ခင်မှုများစွာကို လက်ခံရရှိထားခဲ့ရတဲ့ မေမေချစ်သုဝေကတော့ ယခုဆိုရင် ချစ်စရာအရမ်းကောင်းလွန်းတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ ညီအစ်မနှစ်ယောက်နဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သမီးလေးနှစ်ယောက်နဲ့ ကြောငြာ အလှပုံလှလှလေးတွေကို ရိုက်ကူးထားခဲ့တဲ့ ချစ်သုဝေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေချစ်သုဝေကတော့ ချစ်သမီးလေးနှစ်ယောက်နဲ့အတူ ကြော်ငြာပုံရိပ်လေးတွေကို ” Story Book Movie Studio ” မှာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။

မေမေနဲ့အတူ အလှပုံရိပ်လေးတွေ ရိုက်ကူးနေကြတဲ့ ခေတ်ခေတ်နဲ့သစ်သစ်တို့ ညီအစ်မနှစ်ယောက်ကတော့ တစ်နေ့တစ်ခြားအရမ်းကို ချစ်စရာကောင်းလာပြီး သရုပ်ဆောင်ကောင်းလာခဲ့ကြပြီပဲ ဖြစ်ပါတယ်။အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီး​လေး​တွေရဲ့နာမည်​နဲ့လည်း ​ငွေ​ကြေးမတတ်​နိုင်​တဲ့ ကလးငယ်​​တွေရဲ့ကျန်းမာ​ရေးအတွက်​ ​ဖောင်​​ဒေးရှင်းတစ်​ခု တည်​​ထောင်​ထားပါ​သေးတယ်​​နော်​။ မိုမိုလေး