Home အနုပညာ ရန်ကုန်မှာ လေမသန့်ရင် စိတ်အနှောက်အယှက်ဖြစ်လို့ ဟိုတယ်မှာ အနားယူခဲ့တဲ့ ရွှေမှုံရတီ

ရန်ကုန်မှာ လေမသန့်ရင် စိတ်အနှောက်အယှက်ဖြစ်လို့ ဟိုတယ်မှာ အနားယူခဲ့တဲ့ ရွှေမှုံရတီ

1389
0

နိုင်ငံကျော်မင်းသမီးချောလေး ရွှေမှုံရတီက အသက်အရွယ် ငယ်နေမယ့် အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ ချီးကျူးခြင်း ခံထားရသူပါ။ ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ များစွာရိုက်ကူးနေရပြီး အောင်မြင်မှုများစွာ ရရှိနေတာ ဖြစ်ပါတယ်။ ရွှေမှုံရတီရဲ့ ပရိသတ်တွေကလဲ သူမရဲ့ အနုပညာလှုပ်ရှားမှုမှန်သမျှကို အားပေးလက်ခံကြပါတယ်။

ရွှေမှုံရတီက ရွှေထူးနဲ့အတူတူ စနေ တနင်္ဂနွေအားလပ်ရက်လေးမှာ ဟော်တယ်တစ်ခုမှာ အနားယူခဲ့တဲ့ သူမရဲ့ အတွေ့အကြုံတွေကို ပရိသတ်တွေဆီ ပြန်လည်မျှဝေထားပါတယ်။

“အလုပ်ပင်ပန်းလို့ အနားယူဖို နေရာ ကို ရန်ကုန်မြို့ထဲမှာအင်မတန် ရှာရခက်တယ်။ ရန်ကုန်မြို့ထဲဆို ကားသံ တွေ ဓာတ်ငွေ့တွေ နဲ့ သဲအတွက်အဆင်မပြေဘူး သဲကနှလုံး မကောင်းတော့ လေမသန့်ရင် စိတ်အနှောက်ယှက်ဖြစ်ရတယ်။ ဒါပေမဲ့ အခု သဲအနားယူဖို့ နေရာကောင်းရှာတွေ့ထားတယ်။ဒီဟိုတယ်က အရမ်း ပြည့်စုံတယ်လို့ ခံစားရတယ်။”

“ကဲ … ခရီးမသွားချင်ရင် ဒီလို လေကောင်းလေသန့်ရတဲ့ ဟိုတယ်ကို လာပြီး chill လုပ်ရင်ကို အနားယူလို့ကောင်းတဲ့ နေရာတစ်နေရာ လို့သဲယူဆတယ် သဲဆို အိမ်ကိုမပြန်ချင်တော့တာ ကိုယ့်ယောကျာ်းနဲ့ဆိုတော့ပိုလို့ တောင်မပြန်ချင်သေး” ဆိုပြီး သူမရဲ့ ပရိသတ်တွေဆီ မျှဝေထားပါတယ်။

ရွှေမှုံရတီကတော့ ကိုကိုရွှေထူးနဲ့အတူတူ ခရီးသွားလိုက် အနားယူလိုက်နဲ့ တကယ်ကို သာယာနေတာပဲနော်။ ရှေ့ဆက်ပြီးလဲ အနုပညာလုပ်ငန်းတွေ အများကြီးလုပ်စရာရှိသေးတဲ့အတွက် အခုလို အနားလာယူနေတဲ့ ပုံပါပဲ။  မိုမိုလေး

Rowena