Home အနုပညာ ချစ်သူများနေ့ မတိုင်ခင်မှာ ဆုအိမ်စံရဲ့ မိဘတွေဆီ သွားရောက်စေ့စပ်ကြောင်းလမ်းခဲ့တဲ့ သူရိယ

ချစ်သူများနေ့ မတိုင်ခင်မှာ ဆုအိမ်စံရဲ့ မိဘတွေဆီ သွားရောက်စေ့စပ်ကြောင်းလမ်းခဲ့တဲ့ သူရိယ

760
0

သူရိယနဲ့ ဆုအိမ်စံတို့ (၂) ဦးကတော့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့က Seeds Restaurant မှာ စေ့စပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ာကတာဖြစ်ပါတယ်။ အဲ့မတိုင်ခင်မှာလည်း သူမတို့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး နီးနေပြီဆိုတဲ့ အရိပ်အမြွက်လေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ ပရိသတ်တွေကိုအသိပေးထားခြင်းမရှိဘဲ ရုတ်တရက် Surprise ဖြစ်သွားတဲ့ သူရိယနဲ့ ဆုအိမ်စံတို့ရဲ့ စေ့စပ်ပွဲပုံရိပ်တွေကလည်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာတော့အမှန်ပါပဲ။

စေ့စပ်ပွဲကိုလည်း နှစ်ဖက်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ခမ်းခမ်းနားနားကျင်းပခဲ့တာတွေ့ရပြီးတော့ စေ့စပ်ပွဲမတိုင်ခင်မှာလည်း သူရိယက ဆုဆုရဲ့အိမ်ကိုသွားရောက်ပြီး စေ့စပ်ကြောင်းလမ်းပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဆုအိမ်စံကတော့ သူမအိမ်ကိုလာရောက်ပြီး စေ့စပ်ကြောင်းလမ်းလုပ်တဲ့အချိန်မှာ လည်း ရင်အရမ်းခုန်ပြီးစိတ်လှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။

ဆုအိမ်စံတို့အိမ်ရှိ မိဘတွေဆီသွားရောက်ပြီး စေ့စပ်ကြောင်းလမ်းလုပ်ခဲ့တဲ့ သူရိယတို့ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Photos-Thuriya & Hsu Eaint San

Credit – We Love Cele