Home အနုပညာ မရှိမဲ့ရှိမဲ့ဒန်အိုးလေးတွေပိုက်ပြီး မကြီးစိုးနင်းတဲ့ဆိုက်ကားလေးကို စီးခဲ့ရတဲ့ ဆင်းရဲသားလေးမြင့်မြတ်

မရှိမဲ့ရှိမဲ့ဒန်အိုးလေးတွေပိုက်ပြီး မကြီးစိုးနင်းတဲ့ဆိုက်ကားလေးကို စီးခဲ့ရတဲ့ ဆင်းရဲသားလေးမြင့်မြတ်

864
0

ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ မြင့်မြတ်ကတော့ ဇာတ်ရုပ်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့စွယ်စုံရ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ပရိသတ်တွေအပေါ်မှာလည်း စိတ်ရင်းအမှန်နဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် အားလုံးရဲ့အချစ်တော်အဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သားလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

မြင့်မြတ်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး ချစ်ရတဲ့ မိသားစုလေးအတွက် အလုပ်တွေ ကြိုးစားနေခဲ့ပါတယ်။ မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိင်သူဖြစ်ရာ ပရိသတ်တွေအားပေးအခံရဆုံးမင်းသားဖြစ်ပြီး ယခုမှာတော့ စပါကလင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေခဲ့ပါတယ်။

စပါကလင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် ခင်လှိုင် စိုးမြတ်သူဇာစတဲ့ ပြည်သူချစ်အနပညာရှင်တွေများစွာပါဝင်ထားပါတယ်။ ယနေ့မှာတော့ မြင့်မြတ်တစ်ယောက် မရှိမဲ့ရှိမဲ့ ဒန်အိုးလေးတွေပိုက်ပြီး မကြီးစိုး နင်းတဲ့ဆိုက်ကားလေးကို စီးခဲ့ရတဲ့ ဆင်းရဲသားလေးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။

source: မြင့်မြတ်